Part-10🦋

2K 167 2
                                    

Unicode Ver:

ထယ်ယောင်းလည်း piano တီးနေရင်းမှ အညောင်းမိလာသဖြင့် ပြတင်းပေါက်လိုက်ကာလေးကိုဆွဲကာ အပြင်ကိုမျှော်ကြည့်မိလိုက်သည်။ဟမ် အပြင်မှာ အကိုရော‌က်နေတာလား။လန့်သွားမိပေမဲ့ အကို့ပုံစံကို သေချာကြည့်မိတော့ ညနေကလိုမျိုး မဟုတ်ဘူး။အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ထားပြီး လူကြီးလူကောင်းဆန်ဆန်ပုံစံမျိုး။

မျက်ဝန်းတွေဟာလည်း ညနေကလို ဒေါသတွေမရှိ၊ပူဆွေးစိတ်ပူနေဟန်။အကိုက တကယ်ပဲ ဘာလဲ၊ပုံစံ နှစ်မျိုး မျက်နှာ
နှစ်ဖက် ရှိနေတာလား။မဟုတ်ရင် သူ့ကို သက်သက် စနေတာများလား။ညနေကတော့ မ‌ေတွ့ချင်တော့လောက်အောင် ကြောက်မိပေမဲ့ အကို့ရဲ့ဒီလိုပုံစံကို တွေ့ပြန်တော့ မနေနိုင်။

ဒီလိုအေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် ပုံစံကပဲ သူ့ကို ကြွေကျအောင် လုပ်ခဲ့သည်မလား။အကို့နားကိုပြေးသွားချင်မိပြီး ငိုချင်မိတာ ဘာကြောင့်ပါလိမ့်။ထယ်ယောင်းတစ်ယောက် သူကိုယ်တိုင် သတိမထားလိုက်မိခင်မှာ လှေကားကနေပြေးဆင်းကာ အကို့ဆီ ဦးတည်မိသည်။

Jungkook လည်း ဓာတ်တိုင်ကို မှီကာ နားဆင်နေတုန်း ရပ်သွားတဲ့ piano သံ၊ထို့နောက် ကလေးငယ် အခန်းက ပြတင်းပေါက်လိုက်ကာ ပွင့်သွားခြင်းနှင့်အတူ ထိုကလေးက သူ့ကိုမြင်သွားသည်ထင်သည်။‌ညနေကပြသနာနဲ့ သူ့ကိုများကြောက်သွားလေမလား။မဟုတ်ရင် ပြသနာရှာတော့မည်လား။မေးတော့မည်လား။မေးခဲ့ရင်တော့ အမှန်ကိုပြောရတော့မည်။

ထိုကလေးမသိချင်ရင်တော့ သူပြောမည်မဟုတ်။ထယ်ငယ်က သူ့ကိုမြင်မြင်ချင်း လိုက်ကာကို အသည်းအသန်ပိတ်၊မီးတွေပိတ်တော့သည်။သူ့ကိုမမြင်ချင်၍ အိပ်မယ်လို့ အချက်ပြတာလား။အလိုက်တသိနဲ့ ကားပေါ်တက်တော့မည်အပြု အင့်ခနဲနေအောင် နောက်ကနေ အဖက်ခံလိုက်ရသည်။ဒါကလေးက သူ့ကို ဖက်လိုက်တာလား။

ထယ်ယောင်းလည်းချစ်ရသူကျောပြင်ကို မြင်တဲ့အခါ ပြေးဖက်မိလိုက်သည်။ခနကြာတော့မှ အသိစိတ်တို့ပြန်ဝင်လာသည်။သူနဲ့ကိုယ်က ဘာမှမဆိုင်သေးဘဲ ဟူ၍။ဖက်ထားတာကို ခွာလိုက်ပြီး ...

Truth?(Completed)Where stories live. Discover now