Part-12🦋

1.8K 160 13
                                    

Unicode Ver:

Jk ရဲ့ ရုံးခန်းထဲကိုရောက်တော့...

Jk-ဟဲ့ ယူရီနာ ငါ့ပုံစံ သိသာနေလား။

အော် မေးတတ်ပ သူဌေးရယ်၊သိသာနေတာမဟုတ်ဘူး လူအမြင်ကတ်စရာကို ဖြစ်နေတာလို့ ပြောလိုက်ချင်ပေမဲ့ ဘယ်လောက်ရင်းနှီးပါစေ အထက်လူကြီးပဲမလား။ပြောချင်တာကို စိတ်ထဲမှာ မှတ်ပြီး ပါးစပ်ကတော့ ...

"သိသာတာပေါ့ သူဌေးရယ်၊သူတို့မျက်နှာတွေပဲ ကြည့်ပါလား။"

Jk-ငါ ဘာလုပ်ရမလဲ။

"မျက်နှာပိုးလေးနည်းနည်းသတ်ရင်ဖြစ်တယ်။"

ပြောလိုက်တဲ့စကားကြောင့် ကိုယ့်မျက်နှာကို မှန်ထဲ ပြန်ကြည့်မိသည်။ဒီကောင်မလေး ရူးများသွားတာလား၊သူ့ရုပ်က တည်တာမှ အကြောင်းမသိရင် ထိုင်တောင်ငိုမည့်ပုံ၊အဲ့တာကို မျက်နှာပိုး သတ်ဆိုတော့ မဟုတ်သေးပါဘူး။

Jk-ဟဲ့ ငါ့မျက်နှာကိုလည်းကြည့်ပါအုံး၊ဒီ့ထက် ဘယ်လိုတည်ရမတုန်း။

"အခုကတော့ ဟုတ်တာပေါ့၊ထယ်ယောင်းနဲ့တွေ့ရင်ကျ မျောက်အုန်းသီး ရသလို မျက်နှာကြီးလေ၊ရှိသမျှသွား အအေးပတ်အောင် ဖြီးနေတဲ့ ဥစ္စာ။"

ယူရီနာရေ မပြောတော့လည်းမပြောဘူး၊ပြောပြန်တော့လည်းရစရာမရှိအောင်ကို ပြောလိုက်မိပါလား၊အရင်က သူဌေးရဲ့ဒေါသနဲ့ဆို သုံးလစာတောင် မရဘဲ အလုပ်ပြုတ်မယ့်ကိန်း။

ပြောချင်တာပြောပြီးမှ အလန့်တကြား သူဌေးကို ကြည့်လိုက်မိတော့ ထူးထူးဆန်းဆန်း ရယ်နေတဲ့ သူဌေးကြောင့်...

"သူဌေး ဆေးမသောက်မိလို့လားဟင်။"

Jk-နင့်မေလင်ကို မသောက်ရမှာလား၊အရင်က ဒေါသနဲ့ဆို နင်မလွယ်ဘူး။အခုက ငါ့ရဲ့ အူကြူးပေါက်စလေးကြောင့် ဒေါသမထားတော့တာ၊သွားသွား အလုပ်သွားလုပ်။

ယူရီနာလည်း ဘာမှမပြောတော့ဘဲ လှည့်ထွက်ခဲ့လိုက်သည်။သူဌေးကို ကြည့်ရတာ အားမရလိုက်တာ၊ကြိုက်ရင် မြန်မြန်ပြောပါ ဆိုတော့လည်း တွန့်ဆုတ်တွန့်ဆုတ်နဲ့။
ဟင်းဟင်း သူဌေးရဲ့ ခံစားချက်တွေကို မထိန်းထားနိုင်တော့အောင် လုပ်ပစ်ရမလား။

Truth?(Completed)Où les histoires vivent. Découvrez maintenant