Part-4🦋

2.5K 230 6
                                    

Unicode Ver:

တီးလုံးသံ၊ဆူညံသံတွေနဲ့ နားဝင်ဆိုးလှတဲ့ အော်ဟစ်သံတွေက Jungkook အဖို့
တကယ့်ကို စိတ်ရှုပ်စရာတွေပင်။ညီလေးကြောင့်သာ မဟုတ်ရင် ဒီနေရာတွေကို တစ်သက်နဲ့တစ်ကိုယ်ရောက်ဖူးမည်မထင်တော့။တစ်ယောက်တည်းသော ညီလေးကြောင့် ရဲစခန်း၊ဆေးရုံ၊ဘား၊ကလပ်၊လောင်းကစားဝိုင်း စုံနေအောင် ရောက်ဖူးနေပြီ။

အခုလည်း မကောင်းတဲ့မိန်းမတွေရဲ့
ပွတ်သပ်မှူတွေကို အော်ဂလီဆန်စွာ တွန်းဖယ်လိုက်ပြီး ညီလေးကိုမျက်စိဝေ့ဝဲကာ ရှာကြည့်တော့ ဂျောင်ကျကျဝိုင်းမှာကောင်မလေးတစ်ယောက်နဲ့ တူတူထိုင်နေတဲ့ ကျေးဇူးရှင်လေး။ကြည့်ရတာ ခေါင်းမထောင်နိုင်အောင် မူးနေသည့်ပုံပေါ်သည်။ဘေးနားကဟာမက ဘောင်းဘီအိတ်ထဲက ပိုက်ဆံတွေကို နှိုက်ရန်ပြင်နေသည်မို့ ထိုဝိုင်းအနားလျှောက်သွားလိုက်ပြီး...

Jk-ဟိတ် မင်းယူနေတာကိုပြန်ချထားခဲ့ပြီး လစ်လိုက်တော့!

ထိုကောင်မလေးက သူ့ကိုမြင်တဲ့အခါ ညီလေးကိုတစ်ချက် သူ့ကိုတစ်ချက် လှည့်ကြည့်နေသည်။အင်းပေါ့ ရုပ်ချင်းကချွတ်စွပ်တူနေတာကို။

"ရှင် ရှင်က?"

Jk-လေပေါနေလား၊သွားတော့လို့ပြောတာ နားမပါတာလား။

ပိတ်အော်လိုက်တော့မှပဲ ပိုက်ဆံအိတ်ကိုချကာ ဆောင့်ကြီးအောင့်ကြီး ထထွက်သွားသော သူမ။လူမှန်းသူမှန်း မသိအောင် မူးနေတဲ့ ညီတော်မောင်ကို ကျောပိုးကာ ခေါ်ထုတ်ခဲ့ပြီး အိမ်သို့ပြန်လာခဲ့သည်။နောက်တစ်နေ့မနက်ရောက်လာ‌တော့ မနက်စာ စားနေသည့်အချိန်...

Ik-မနေ့ညက ကျွန်တော့်ကို ဘယ်သူခေါ်လာတာလဲ။

Jungkook က အရိပ်အယောင်မပြ၊မုန့်ကိုသာ ဆက်စားနေသည်။အိမ်ဖော်တွေက မျက်စပစ်ပြတော့မှ...

Ik-အကိုကြီးအဖရာ ဆိုဒ်မျိုးမလာမဖမ်းပါနဲ့၊မကြိုက်ဘူး။

ပြောချင်တာပြောပြီး ထထွက်သွားတဲ့ အငယ်ကောင်။ Jungkook စိတ်ရှုပ်တာ အဲ့တာတွေပင်။အမြဲတမ်း သူ့ပြသနာတွေဖြေရှင်းပေးတာတောင်၊ဘာအဖိုးမခမှ မယူဘဲကျွေးထားတာတောင်၊သူဖြုန်းသမျှ အမြဲရှာပေးနေတာတောင် ဒီလိုကျေးဇူးကန်းတဲ့
ကောင်မျိူး။ဒေါသထွက်တာထက် လေးစားမှုတောင် မခံရတဲ့အခါ ဝမ်းနည်းစိတ်တို့က ကြီးစိုးလာသည်။

Truth?(Completed)Where stories live. Discover now