Part-7🦋

2.2K 195 16
                                    

Unicode Ver:

ထယ်ယောင်းလည်း ရှပ်အကျီလေးသာ ဝတ်ကာ စတိုင်ဘောင်းဘီရှည်လေးနှင့်ထွက်ခဲ့တော့သည်။နက်ခ်တိုင် မပါလို့ တစ်မျိုးဖြစ်ပေမဲ့ ထယ်ယောင်းရဲ့ချောမောမှုနဲ့ယှဉ်ရင် ဒါဟာ ဖုန်သာသာပင်။ရင်တုန်တုန်နဲ့ပင် company ကိုရောက်လာလေပြီ။ reception မှာမေး၍ အကို့ရုံးခန်း ဆီသို့သာ တန်းတန်းမတ်မတ် လာခဲ့လိုက်သည်။

အခန်းတံခါးကိုခေါက်လိုက်တော့ ဝင်ခဲ့ ဆိုသည့်တည်ကြည်ပြတ်သားတဲ့အသံ။မနေ့က အသံနှင့်လားလားမျှ မဆိုင်အောင် ကျက်သရေရှိလှသည်။ဝင်သွားလိုက်တော့ သူမှန်းသိဟန်မတူ၊နားရိုးကိုလက်ဖြင့် ဖိနှိပ်ကာ မျက်နှာက သိပ်မလန်းသဖြင့်...

Tae-အကို အဆင်ပြေရဲ့လား။

ဒီအသံ?အာ ဟုတ်သား။ဒီနေ့ ငယ်လေးလာမှာပဲလို့ဖျတ်ခနဲသတိရမိသည်။မျက်လုံးလေးကိုလှန်ကြည့်မိလိုက်တော့ဘလက်လေးတွေပိုက်ပြီး မသိရင်ကလေးလေးအတိုင်။
နက်ခ်တိုင်ကလည်းမပါပါလား။အော် ဒီကလေးနှယ် ဘယ်လိုနေနေကို ချစ်စရာကောင်းနေတော့တာပါပဲ။

Jk-ထယ်ယောင်းငယ်။

Tae-ဟုတ် ကျွန်တော် တောင်းပန်ပါတယ်၊
နက်ခ်တိုင် ဝယ်ဖို့မေ့သွားလို့ပါ၊တောင်းပန်ပါတယ်။

မျက်စိစုံမှိတ်ပြီး အော်နေသော ကလေးငယ်ပါပင်။သူက ရောက်လာတာ စောသားပဲ လို့ပြောမလို့ကို ဆူမယ်ထင်လို့လား မသိ၊ဇွတ်ကို တောင်းပန်နေတာ။ခက်ပါပေ့ ငယ်လေးရယ်၊မင်းကို ကိုယ်ကဆူဖို့မပြောနဲ့၊လေသံတောင် မမာရက်ပါဘူးကွယ်။

Jk-မျက်လုံးဖွင့်ပါအုံး၊ဘာမှ မလုပ်ပါဘူး၊ထယ်ယောင်းငယ် ရောက်လာတာ စောတယ်နော်လို့ ပြောမလို့ပါ၊နက်ခ်တိုင် မရှိတာ ဘာဖြစ်လို့တုန်း။

Tae-ဟုတ်လား၊ဟီး မသိပါဘူး၊လန့်သွားတာပဲ။

အမယ် ဒီလူကြီးက ဒီနေ့ကျတော့လည်း မနေ့ကနဲ့ လားလားမျှ မဆိုင်ပါလား၊ဆီနဲ့ရေလိုပဲ။ဒါမဲ့ ငါ့အပူမှ မဟုတ်တာ၊မသိချင်ယောင်ဆောင်နေလိုက်စမ်း။

Jk လည်း သူ့ညီနဲ့တွေ့တဲ့အကြောင်းကို ပြောများပြောပြမလားလို့ နားစွင့်နေမိတာ အမှန်၊ဒါပေမဲ့ အတန်ကြာသည်အထိ ကလေးငယ်က ဘာမှ မဆိုခဲ့တော့ ကလေးငယ် မပြောချင်ဘူးထင်ပြီး ဆက်မမေးမိတော့။ဘာလို့ဆို ကလေးလေး စိတ်ညှိုးမှာကို မမြင်ရက်သူမို့လေ။

Truth?(Completed)Where stories live. Discover now