- 3 - [ Unicode ]

58K 4.5K 141
                                    


(Uni)

သူရအပြောကိုနားမလည်တဲ့သက်လျာကတော့ကြောင်တောင်တောင်ဖြင့်သာကြည့်နေသည်။ပြီးနောက်လက်ထဲကသတင်းစာကိုဖြန့်ကာ သူရကသက်လျာလက်ထဲသို့ထိုးပြသည်။ကြည့်လိုက်ဟူသောမျက်နှာဘေးဖြင့်မေးဆက်ပြလိုက်တော့ သက်လျာငုံကြည့်လိုက်၏။
ဆေးဝါးကျွမ်းကျင်သော သူနာပြုအလိုရှိသည်ဟူသောစာတန်းနဲ့အတူ လစာနေရာကိုဖတ်ကြည့်လိုက်စဥ်မှာသက်လျာမျက်လုံးပင်ပြူးသွားသည်။တစ်လကို ၆ သိန်းပေးထားတဲ့ထိုအလုပ်ကသက်လျာကို လုပ်ချင်စိတ်ဖြစ်စေခဲ့သည်။

နဂိုသူနာပြုသင်တန်းတတ်ထားတဲ့အခံရှိတာမို့ဒီအလုပ်ကသက်လျာအတွက်အဆင်ပြေလောက်သည်။တစ်ခုဘဲ ဒီတစ်ခုကသူ့အတွက်ပြသာနာဖြစ်တာ။မိန်းကလေးသူနာပြုသာဟူသောသတ်မှတ်ချက်က သက်လျာရဲ့အပျော်တွေအားဘေးသို့​လွင့်စင်စေခဲ့သည်။သူကယောကျ်ားလေးလေ မိန်းကလေးမှမဟုတ်ဘဲ......

"သက်လျာ ဘာတွေစဥ်းစားနေတာလဲ"

"မဖြစ်ဘူးထင်တယ်သူရ လစာနဲ့အလုပ်ကအဆင်ပြေပေမဲ့ ငါကမိန်းကလေးမဟုတ်ဘူးလေ"

"ဒီကိစ္စလောက်လေးကိုတွေးပူနေသေးတယ် သက်လျာရာ"

နုံနုံအအသူငယ်ချင်းကို သူရခေါင်းသာပိတ်ခေါက်ချင်မိသည်။ဟိုကမိန်းကလေးသူနာပြုခေါ်တိုင်း သူကယောကျ်ားလေးဆိုပြီးမလုပ်တော့မယ့်သဘော။ဒီ​ခေတ်ကြီးထဲမှာခုလိုနုအနေပုံနဲ့တော့မဖြစ်ပေ။

"ဒီမှာသက်လျာ ငါပြောပြမယ်"

"အင်း"

"မင်းကယောကျ်ားလေးဆိုတာမှန်တယ် ဒါပေမဲ့မင်းကမိန်းကလေးတစ်ယောက်မှာရှိတဲ့ရုပ်ရည်ရူပကာ​ရှိတယ်လေ ဒီအလုပ်ကလစာလဲကောင်းတယ်ပြီးတော့မင်းအရမ်းလုပ်ချင်နေတဲ့သူနာပြုအလုပ်လေသက်လျာ စိတ်ကူးမလွဲစမ်းနဲ့"

"ငါ..ငါဘယ်လိုလုပ်ရမလဲ သူရ"

"သေချာစဥ်းစားသက်လျာ မင်းတို့သားအမိနောင်ရေးအတွက်ဒီအလုပ်ကအသင့်တော်ဆုံးဘဲလို့ငါထင်တယ် လစာလဲများများရမယ် မင်းဝါသနာပါတဲ့အလုပ်ကိုလဲလုပ်နိုင်မယ် သေချာစဥ်းစားပြီးလို့မင်းဘက်ကသေချာရင် ကျန်တာငါအကုန်ကြည့်လုပ်ပေးမယ်"

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now