- 38 - [ Unicode ]

53.2K 3.7K 388
                                    


(Uni)

၄ နှစ်အကြာမရောက်တာကြာပြီဖြစ်တဲ့ 'မင်းမျိုးနွယ်စံအိမ်'ဟာသက်လျာရှိစဥ်ကလောက် မစိုပြေတော့။ခြံထဲကပန်းပင်တွေနဲ့မြက်ခင်းစိမ်းစိမ်းလေးတွေကတော့အရင်အတိုင်းလိုပင်။သက်လျာတစ်ယောက်အိမ်ကြီးကိုကြည့်ရင်းစိတ်တွေပိုလေးလံရသည်။ခြံထဲမှာခြံစောင့်လဲမတွေ့မိသလို အိမ်ကြီးကလဲခြောက်ကပ်ကပ်။

မောင့်ဖေဖေနဲ့ဘဘကြီးကိုမျက်နှာချင်းဆိုင်ရဲသော်ငြား မောင့်မေမေတော့မပါ။သူတို့ကိုအထင်သေးမယ့်အကြည့်တွေ၊မတူမတန်ဆက်ဆံပုံတွေကို သူကခံရပြီးပြီမို့သူ့သားကိုဒါမျိုးအဖြစ်မခံချင်တော့။ခပ်ကင်းကင်းနေမည်ဟုတွေးထားသမျှမောင့်မျက်နှာကရှိသေးသည်မဟုတ်လား။ဒါကြောင့်လဲစိတ်ကိုတင်းကာဒီအိမ်ကြီးဆီသို့တစ်ခေါက်ပြန်လာခဲ့ခြင်းပင်။ အခြေအနေအားလုံးဟာမောင့်အပေါ်မှာမူတည်သည်။အဆုံးထိသူ့ရဲ့လက်ကိုဆွဲထားမည်ဆိုတဲ့မောင့်စကားကြောင့် ဘာကိုမှမတွေးတော့ဘဲသူဒီအိမ်ကိုခြေချခဲ့တာ။

"သက်လျာ"

"ဟင်"

"ဘာတွေတွေးနေတာလဲ "

အိမ်ထဲမဝင်ခင် ခြံထဲမှာခဏရပ်နေရင်းဖြင့်တွေဝေနေ သောချစ်ရသူအား သဘောမေးလိုက်တော့ ပြန်မဖြေပါဘဲသက်ပြင်းတစ်ကြိမ်သာချသည်။

"မောင့်ကိုကြည့်"

"ဘာမှစိတ်မပူပါနဲ့ ဘာတွေဘဲဖြစ်လာလာ မောင်ခင်ဗျားဘက်မှာအမြဲတမ်းရှိနေပေးမှာ"

"...."

"​အခုတွဲထားတဲ့သက်လျာရဲ့လက်တစ်စုံကိုမောင်ကဘယ်တော့မှမလွှတ်ဘူးဆို​တာသိထား"

သက်လျာရဲ့လက်ကိုတွဲကာပြောလာသောမောင့်ကြောင့်ခပ်ရေးရေးလေးပြုံးလိုက်သည်။စိတ်ထဲမှာတော့ စိုးရိမ်မှုတွေကမသေသေး။

"ဒယ်ဒီ.."

"ဗျာ"

လက်မောင်းပေါ်မှာချီထားတဲ့အိုအို့ကအိမ်ကြီးကိုကြည့်ကာသဘောကိုတစ်ခုခုမေးချင်နေတဲ့ပုံစံပင်။

"အထဲမှာသားဖိုးဖိုးနဲ့ဘွားဘွားရှိတယ် အမိန့်"

"ဟုတ်ရား ပါပါး"

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now