- 10 - [ Unicode ]

52.7K 4.3K 180
                                    


(Uni)

တစ်နေကုန်ဘာအလုပ်မှလုပ်မရတဲ့အပြင် စိတ်ကလဲမကြည်။သက်လျာကသူ့အားစကားမပြောသလို လမ်းမှာတွေ့ရင်တောင်ရှောင်သွားတာမျိုး။စိတ်ရှိတိုင်းဆွဲလုပ်ပြစ်လိုက်ချင်ပေမယ့် သက်လျာငြိုငြင်မှာဆိုးတာ​ကြောင့်မလုပ်ရက်။အချိန်တွေတစ်ရွေ့ပြီးတစ်ရွေ့ကြာသည်အထိ သဘောအခန်းထဲမှာယောင်ခြောက်ဆယ်နဲ့ပင်။

မျက်လုံးတွေက စုံလည်ခုံရှေ့ကစားပွဲပေါ်ရှိစာရွက်လေးတစ်ခုဆီရောက်ရှိသွားပြီးနောက် အပြုံးရိပ်ကနှုတ်ခမ်းထက်မှာရစ်သိုင်းလာခဲ့သည်။မနှောင်းဦးသက်လျာအမည်နဲ့လိုင်စင်ဓာတ်ပုံလေးပါ အတူပါတဲ့လျှောက်လွှာစာရွက်က နေရပ်လိပ်စာအတိအကျအပြင်ဖုန်းနံပါတ်လဲပါသေးသည်။

ညမိုးချုပ်အချိန်ဖြစ်တာမို့ လက်မှာပတ်ထားတဲ့Rolexနာရီကိုကြည့်လိုက်တော့ ၇ နာရီခွဲ။အရမ်းနောက်မကျသေးတာကြောင့် အကျီဘာညာလဲမနေတော့ဘဲအခုဝတ်ထားတဲ့ T-shirt ခဲရောင်နှင့်Pants အမည်းရောင်ဖြင့်သာသွားဖို့ပြင်လိုက်သည်။

"သဘော မင်းဘယ်သွားမလို့လဲသား"

"အပြင်ခဏမာမီ မကြာပါဘူးပြန်လာမှာ စိတ်မပူနဲ့"

"ဂရုစိုက်သွားဦး"

ဒေါ်ဆုဆုလွင်အားခေါင်းတစ်ချက်ငြိမ့်ပြပြီးနောက် ကားဂိုဒေါင်ထဲရှိပါကင်ထိုးထားတဲ့BMWအနက်ရောင်လေးကိုယူကာအိမ်ကနေထွက်ခဲ့သည်။ဒီအချိန်မိန်းကလေးတစ်ယောက်အိမ်အား သွားသင့်မသွားသင့်ဆိုတာသူမသိတော့။သူသိတာက သက်လျာမျက်နှာလေးကိုမြင်ချင်တာကိုဘဲ။

မိနစ်အနည်းငယ်ကြာမောင်းနှင်လာပြီးနောက် ကားလေးကတစ်ရွေ့ရွေ့ဖြင့်သက်လျာတို့ရပ်ကွက်နားသို့နီးကပ်လာခဲ့သည်။ဘယ်ချိန်ကတည်းကပျက်နေမှန်းမသိတဲ့မီးကအခုထိမလာသေးပုံ။မီးပျက်နေတာမို့အိမ်နံပါတ်တွေကိုသဘောကောင်းကောင်းမမြင်ရပေ။အဲ့ဒီနောက် လမ်းထိပ်မှာထိုင်နေတဲ့လူတစ်ချို့ကိုမေးမြန်းကာမှသက်လျာအိမ်ကိုသိသည်။

တိတ်ဆိတ်နေသောခြံဝန်းလေးနဲ့အတူဖယောင်းတိုင်မီးစလေးကိုအပြင်ကနေသဘောလှမ်းမြင်နေရသည်။
ခွေးအူသံတစ်ချို့ကဆူညံနေတာမို့ သက်လျာကြောက်နေမည်အရေးကိုတွေးကာသဘောအိမ်ထဲသို့ဝင်လိုက်စဥ် နားနှစ်ဖက်ကိုအုပ်ကာငိုနေတဲ့သူရဲ့သက်လျာ။ငိုတဲ့အထိတောင်ဆိုတော့ မောင့်သက်လျာကြောက်နေမှာဘဲ....

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now