- 8 - [ Unicode ]

53.6K 4.7K 340
                                    


(Uni)

နူးညံ့တဲ့နှုတ်ခမ်းသားတစ်စုံကသူ့နှုတ်ခမ်းပေါ်သို့ကျရောက်လာစဥ်ခိုက်သဘောတစ်ယောက် ချိုမြိန်တဲ့သကြားလုံးတစ်ခုကိုစားလိုက်ရသလိုပင်။နှုတ်ခမ်းနီရေးရေးလေးဖြင့် အတွင်းသားလေးပန်းနုရောင်သမ်းနေတဲ့နှုတ်ခမ်းလေးက သဘောအားစိတ်ရှိလက်စုပ်ယူနမ်းရှိုက်ပြစ်ချင်တဲ့အထိဖြစ်စေသည်။ဒီကြားထဲမျက်တောင်ကော့ကော့လေးတွေထဲကမျက်ဝန်းအိမ်ဖြင့် စူးစူးစိုက်စိုက်ကြည့်နေပုံကလဲမရှောင်လွဲနိုင်ဖြစ်စေတာဧကန်။

ရုတ်တရက်ဆိုသလိုဖြစ်သွားတဲ့အခြေအနေကြောင့်သက်လျာဘာလုပ်ရမှန်းမသိ။နှစ်ယောက်လုံးရဲ့အသက်ရှူသံပြင်းပြင်းကလဲတစ်ယောက်နဲ့တစ်ယောက်ကြားနေရသည့်တိုင် အခန်းတစ်ခုလုံးတိတ်ဆိတ်နေခဲ့သည်။သတိလက်လွတ်ဖြစ်နေတာကြောင့် သက်လျာချက်ချင်းမထနိုင်သေးပေ။နှုတ်ခမ်းနှစ်စုံကာ ကော်ကပ်ထားသလိုကပ်တွယ်နေပြီး မျက်လုံးတွေကတော့အကြည့်ချင်းစုံနေကြသည်။

ခဏအကြာခန္ဓာကိုယ်ချင်းကပ်တွယ်ထားပြီးနောက်...

"လွှတ် လွှတ်ပါ"

"စောနကလာနမ်းတာဘယ်သူလဲ"

"တောင်း...တောင်းပန်ပါတယ် မတော်တဆဖြစ်သွားတာပါ"

"ထပ်ပြီး မတော်တဆဖြစ်ကြမလား"

"ဟင်"

ရှက်စိတ်လွန်နေတာကြောင့် သဘောအားမည်သို့ ပြန်ဖြေရမှန်းတောင်သက်လျာမသိပေ​။သဘောဆိုလိုတာကထပ်ပြီးနမ်းကြမယ်ဆိုတဲ့အဓိပ္ပါယ်။ ဘယ်လိုဘဲဟန်ဆောင်နေပါစေ သက်လျာကယောကျ်ားလေးတစ်ယောက်ဘဲ။သူ့လိုယောကျ်ားလေးတစ်ယောက်က တခြားယောကျ်ားလေးတစ်ယောက်နဲ့နမ်းဖြစ်သွားတာကိုတွေးမိတိုင်း အပျိုဖြန်းလေးလိုရှက်လာရသည်။ပြီးတော့ဒါကသူ့ရဲ့ First kissလေ....

သဘောမျက်နှာကိုမကြည့်ဘဲပြောနေသည့်ပုံက ရှက်နေမှန်းသိသာသည်။ဒီပုံစံလေးကိုအူယားလွန်းလို့ စိတ်ရှိတိုင်းသာဆွဲနမ်းပြစ်လိုက်ချင်သည်။သက်လျာဆိုတဲ့ ထိုမိန်းကလေးကသဘောရဲ့ရင်ခုန်မှုနဲ့အချစ်ဆိုတဲ့အရာကိုတွေ့ရှိအောင် လမ်းပြနေပေးသယောင်။ပုစွန်ကင်လေးလို နီမြန်းနေတဲ့မျက်နှာနုနုကအသက်၂၃ဟုထင်ရက်စရာတောင်မရှိ။

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now