- 26 - [ Unicode ]

45.4K 3.5K 227
                                    


(Uni)

နေရောင်ခြည်သဲ့သဲ့က အခန်းပြတင်းပေါက်ဆီကနေတိုးဝင်လာကာမျက်နှာပေါ်ကိုကျရောက်နေတာမို့သက်လျာနိုးလာခဲ့သည်။ခေါင်းရင်းမှာတင်ထားတဲ့နာရီလေးကိုကြည့်လိုက်တော့ မနက်၈နာရီထိုးပြီဖြစ်သည်။ ဒီအချိန်ဆိုသူရလည်းအလုပ်သွားလောက်ပြီပေါ့။အိပ်ယာသိမ်းပြီးနောက် မျက်နှာသစ်ကာရေပါတစ်ခါထည်းချိုးလိုက်သည်။ဒီနေ့မောင်နဲ့အပြင်သွားစရာရှိတယ်လေ။

'မနက်ဖြန်အပြင်အတူသွားမယ်'ဟုတိုတိုတုတ်တုတ်စာတစ်စောင်ကိုပို့လာတဲ့မောင်ကဘာကိုအလိုမကျဖြစ်နေမှန်းသက်လျာသိသည်။အလုပ်ထွက်မည်ဆိုတဲ့အကြောင်းမောင့်ကိုဘာတစ်ခွန်းမှမပြောထားဘဲ။တွေ့မှသာထိုကောင်လေးကိုချော့ရတော့မည်။မဟုတ်ရင်တစ်နေ့လုံးမျက်နှာကမှုန်ကုပ်နေမှာပင်။ပြင်ဆင်ပြီးနောက်အိမ်ထဲကနေဘဲသက်လျာစောင့်နေလိုက်သည်။အပြင်သွားရင်ယောကျ်ားလေးလိုဝတ်မှကြိုက်တဲ့မောင်ကသက်လျာအတွက် ပုဆိုးအစုံကိုတံဆိပ်မျိုးစုံဝယ်ထားပေးသည်။တစ်ခါတစ်လေဒူးအောက်ဘောင်းဘီတိုလေးနဲ့Tshirtလေးတွေလဲပါသေးသည်။

ဒါ့ကြောင့်မောင်နဲ့အတူအပြင်သွားတိုင်းသက်လျာယောကျ်ားလေးလိုသာနေသည်။ချီးမွန်း၇ရက်ကဲ့ရဲ့၇ရက်ပတ်ဝန်းကျင်ကိုဂရုစိုက်မနေနဲ့လို့ပြောတတ်တဲ့မောင့်ကြောင့်သက်လျာအခုဘာကိုမှဂရုမစိုက်တော့ပေ။

"တီ...တီ"

"အာ..မောင်လာပြီ"

တစ်ကိုယ်ထည်းရေရွတ်ရင်းကားနားသို့မြန်မြန်သွားရသည်။ကားတံခါးကိုဖွင့်ပေးကာ'တတ်'ဟုတစ်ခွန်းပြောပြီးသူ့နေရာသူပြန်ထိုင်သည်။ကားပေါ်မှာဘာစကားတစ်ခွန်းမှမပြောပါဘဲမောင်ကအရှေ့တည့်တည့်ကိုသာကြည့်ပြီးမောင်းနေသည်။အရင်ကဆိုလက်တစ်ဖက်ကမောင်းနေပြီးတစ်ဖက်ကသူ့လက်ကိုကိုင်ထားတဲ့သူကအခုတော့မရှိတော့သလို။

"ဘာဖြစ်နေတာလဲ ဒီမှာကားမောင်းနေတယ်လေ"

မောင့်လက်တစ်ဖက်ကိုအသာလေးကိုင်လိုက်တော့စိတ်ဆိုးတဲ့ပုံစံဖြင့်ပြောလာသည်။သေချာပြီ ဒီကောင်လေးသူ့ကိုစိတ်ကောက်နေတာ။

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Onde histórias criam vida. Descubra agora