Extra [ Thet Hyla's birthday ]

33K 2.2K 129
                                    


(Uni)

"သဘော မင်းဘာကိစ္စငါ့ကိုချိန်းတာလဲ"

barထဲဝင်ဝင်လာချင်းသူ့ဆီလျှောက်လာတဲ့ဝေယံဆီမှကြားလိုက်ရတဲ့စကား။

"ထိုင်စမ်းပါဦး"

"ပြောလို့ရပြီ"

"မနက်ဖြန်သက်လျာမွေးနေ့ ကိုသူရကိုခေါ်ပြီးမင်းတို့နှစ်ယောက်လာခဲ့"

"ညဘက်ဘဲလား"

"အေး"

လက်ထဲမှာဝိုင်ခွက်ကိုကိုင်ထားကာခြေထောက်ကိုချိတ်လျှက် ဟန်ပါပါသောက်နေသည့်မင်းသဘောပုံစံကအဝေးကကြည့်တာတောင်အရှိန်အဝါကြီးသည့်ပုံ။

"ကိုသူရနဲ့လက်မထပ်သေးဘူးလား"

"ပိုင်ကလက်ထပ်ဖို့ကိုစိုးရိမ်နေတာ ငါကဖြစ်နိုင်ရင်အခုတောင်ယူချင်တယ်"

"မင်းတို့အတူနေပြီးပြီလား"

"အင်း!"

"ဟ ခွေးသား ​သွက်လိုက်တာ"

"မင်းတောင်သက်လျာကိုကားပျက်တယ်ဆိုပြီးဂျင်းထည့်ခဲ့ပြီးတော့ အတင်းယူလိုက်တာမလား အခုဆိုအမိန့်တောင်ထွက်လာပြီလေ"

​ဝေယံပြောတာကမှန်နေတာမို့သဘောမှာအနည်းငယ်နီမြန်းနေတဲ့မျက်နှာကိုအရှိန်ထိန်းကာစကားဆက်ရသည်။

"အဟမ်း! ထားပါတော့"

"သက်လျာလဲပိုင့်ကိုပြောပါတယ်ကွာ ပိုင်ကသာစိုးရိမ်နေတာ ဒီရက်ထဲဆိုငါ့ကိုရှောင်လို့ရှောင်နဲ့"

"ငါနဲ့အချစ်နဲ့ကတော့အဆင်ပြေတာမှလွန်"

"-ီးဘဲ အားကျအောင်လာပြောမနေနဲ့"

"ဖြောင့်ဖြပေါ့ကွာ ကိုသူရကစိုးရိမ်နေတယ်ဆိုတာမင်းကိုငဲ့နေတာလဲပါမှာပါ နှစ်ယောက်လုံးပွင့်ပွင့်လင်းလင်းဒီကိစ္စကိုတိုင်ပင်ပေါ့ ကိုသူရရောမင်းရောငယ်တော့တာမဟုတ်ဘူး"

သဘောပြောသည့်စကားများကိုဝေယံ့မှာVodkaကိုတစ်မြေ့မြေ့သောက်နေရင်းဖြင့်နားထောင်နေတာဖြစ်သည်။သဘောပြောသလိုသူတို့နှစ်ယောက်ဒီကိစ္စကိုစကားပြောမှရတော့မည်။အမှန်ဆိုဝေယံကသူ့စိတ်ကြိုက်သာလုပ်ပစ်လိုက်ချင်သည်။ထိုသို့မ​ပြောမဆို လုပ်လိုက်ရင်ပိုင်စိတ်ဆိုးမှာဆိုးလို့သာ။

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now