- 14 - [ Unicode ]

47.6K 4K 131
                                    


(Uni)

ခေါ်သံကြားရာနောက်သို့လှည့်ကြည့်လိုက်တော့တွေ့လိုက်ရတဲ့သူကြောင့်သက်လျာမျက်လုံးပြူးသွားသည်။ဘယ်ချိန်ကတည်းကရောက်နေမှန်းမသိတဲ့သူက သူ့ကိုကြည့်နေသည်။မဟုတ်မှလွဲရောကြားသွားတာများလား။

"သက်လျာ"

"ဟင်..အင်း"

"ဘာဖြစ်နေတာလဲ "

"ဒီအတိုင်းပါဘဲ ဒါနဲ့သဘောကဘယ်လိုရောက်လာတာလဲ"

"ခင်ဗျားကိုလာကြိုတာ အိမ်ကိုဝင်ပို့ခဲ့မယ် ပြီးမှကျုပ်အလုပ်သွားမယ်"

"အော် အင်းအင်း"

သက်လျာအတွေးတွေ ဂယောင်ခြောက်ခြားတွေဖြစ်နေတာမို့ သဘောပြောတာကိုသူအာရုံမရပေ။

"သက်လျာ"

"ဟင်"

"စောနက ကျွန်တော်လို့ပြောလိုက်တာလား"

သူထင်သလိုသဘောကမေးလာတာကြောင့်သက်လျာပြန်ဖြေသမျှစကားလုံးတိုင်းကအထစ်ထစ်အငေါ့ငေါ့နှင့်။

"အော် ဒါ...ဒါလား  ဟို...သက်လျာကမန္တလေးသူဆိုတော့ကျွန်တော်လို့ပြောရတာအကျင့်ပါနေလို့ပါ ဘာဖြစ်လို့လဲဟင်"

"မဖြစ်ပါဘူး တစ်မျိုးဖြစ်နေလို့မေးကြည့်တာ"

"အင်း "

"ဒါဆိုအဝတ်အစားလဲတော့လေ ဒီကစောင့်နေမယ်"

"အင်း ငါမြန်မြန်ထွက်လာခဲ့မယ်"

မုသားသုံး၍ဖြေကာသက်လျာတစ်ယောက်သဘောအနားကမြန်မြန်ထွက်လာခဲ့သည်။ကျွန်တော်လို့ပြောတာဘဲကြားလို့တော်သေးသည်။မဟုတ်ရင်သူမလွယ်ပေ။အမှန်တိုင်းပြောရရင်ဒီလိုမျိုးဟန်ဆောင်နေရတာကိုသူမကြိုက်ပါ။ဒါပေမဲ့မတတ်နိုင်ဘူးလေ....

"သဘော ငါပြီးပြီ"

အခန်းထဲကနေထွက်လာတဲ့သူကအလှနတ်သမီးရှုံးလောက်သည်။ဇာပေါက်ဝမ်းဆက်အကျီနက်ပြာလေးကိုလှလှပပဝတ်ဆင်ထားတဲ့သက်လျာက နေ့တိုင်းကို တစ်နေ့တစ်မျိုးမရိုးရအောင်ကိုလှနေတော့သည်။

"ဘာလို့စိုက်ကြည့်နေပြန်တာလဲ"

"ခင်ဗျားကလှလို့ပေါ့"

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now