- 7 - [ Unicode ]

52.6K 4.4K 516
                                    


(Uni)

"ကြောက်တယ် ကြောက်တယ်"

"ဟင့်အင်း မလုပ်ပါနဲ့ အဖေ"

"သားကြောက်ပါပြီ သားကိုမရိုက်ပါနဲ့တော့"

"အား......."

အိပ်မက်ဆိုးတစ်ခုမှနိုးထလာချိန်တွင်သက်လျာတစ်ကိုယ်လုံးချွေးတွေနဲ့ပြည့်လို့နေသည်။မျက်ရည်စတစ်ချို့ကလဲမျက်ဝန်းအိမ်ထဲ၌ပြည့်နှက်နေသည်။ထပ်ပြီးမမက်ချင်တဲ့ထိုအိပ်မက်ဆိုးက အမြဲလိုလိုသက်လျာရဲ့အိပ်ပျော်မယ့်ညတွေကိုနှောက်ယှက်စမြဲပင်။သက်လျာကိုမိန်းကလေးအဖြစ်မွေးဖွားမလာခဲ့လို့အဖေကမချစ်တဲ့အပြင် သားတစ်ယောက်အပေါ်ကိုကောင်းသည်ဆိုတာတစ်ခွန်းမပြောဘဲဘာလုပ်လုပ် အဆိုးတွေသာပြောတတ်သည်။

အိပ်မက်ထဲကဖြစ်စဥ်ကိုသက်လျာငယ်ငယ်ကတည်းကမေ့လို့မရခဲ့တာအခုထက်ထိဆိုပါတော့ ။ အဲ့ဒီနေ့ကသက်လျာရဲ့၁၂နှစ်ပြည့်မွေးနေ့ ၊သူငယ်ချင်းတွေနဲ့အတူမွေးနေ့ပွဲလေးတစ်ခုကို အမေကမရှိရှိတာလေးဖြင့်ကျင်းပပေးခဲ့သည်။ထိုအချိန်အပြင်သွားနေတဲ့အဖေကအိမ်သို့ပြန်ရောက်လာပြီးအိမ်ရဲ့ဘေးဘီကိုဝေ့ယမ်းကြည့်ပြီးတဲ့နောက် သက်လျာကိုစေ့စေ့ကြည့်နေသည်။သားတစ်ယောက်အားမုန်းတီးသောအကြည့်တွေဖြင့်ကြည့်နေတဲ့အဖေ့ကို သက်လျာပြန်လည်ပြုံးပြလိုက်ပြီး မွေးနေ့ကိတ်တစ်ဇွန်းကိုခွံ့ကျွေးဖို့ပြင်လိုက်စဥ်...

'ခွမ်း!!'

ကိတ်မုန့်ထည့်ထားတဲ့ပန်းကန်ပြားလေးက ဦးကျော်ဇောလက်နဲ့ရိုက်ချခံလိုက်ရတာကြောင့်ကြမ်းပြင်ပေါ်တွင်ကွဲကျသွား၏။

"အကို ဘယ်လိုလုပ်လိုက်တာလဲ သားငယ်ကအကို့ကိုစားစေချင်လို့လေ"

"ငါ့အိမ်မှာငါ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူ့သဘောနဲ့ရှုပ်ရှုပ်ရှက်ရှက်တွေလာလုပ်နေတာလဲ!!"

"နှောင်းလုပ်ပေးထားတာပါ သားငယ်က ကလေးဆိုတော့သူလဲမွေးနေ့လေးမှာသူငယ်ချင်းတွေနဲ့ပျော်ချင် မှာပေါ့အကိုရယ်"

"မလိုချင်ဘူး ဟိုကောင်မင်းဒီကိုလာစမ်း!"

ခေါ်သံတစ်ချက်ကြောင့် ခန္ဓာကိုယ်လေးကတုန် သွားပြီးသက်လျာသွားလိုက်သည်။အပြင်ကပြန်လာတိုင်းအဖေ့ဆီကအမြဲအရက်နံ့ရတတ်တာကိုသက်လျာသိသည်။အရက်ဝင်သွားရင်အဖေကဆိုးသည်။တစ်ခါတစ်လေ အမေ့ကိုရိုက်တာကိုသက်လျာတွေ့သော်လည်း ကြောက်လို့ဝင်မပါရဲပေ။အခုလဲအသံမာမာဖြင့်ပြောနေတဲ့အဖေက ဒေါသထွက်နေမှန်းသိတာမို့သက်လျာကြောက်ပါသည်။

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now