- 19 - [ Unicode ]

43K 3.7K 141
                                    


(Uni)

မနက်ကတည်းကမြမှုးကိုလေဆိပ်သွားကြိုနေရတာကြောင့်သက်လျာကိုတောင်သွားမကြိုဖြစ်ပေ။ပြီးတာနဲ့ရုံးကိုသွားကာပြန်ချိန်ရောက်တော့လဲ အိမ်ကိုဝင်လည်ချင်တယ်ဟုဆိုလာတဲ့မြမှုးကြောင့်တစ်ခါထည်းဝင်ခေါ်လိုက်သည်။အိမ်ပြန်ရောက်ရောက်ခြင်းသက်လျာကိုတွေ့တော့ ချစ်ရတဲ့သူကမျက်နှာလေးညှိုးနေတာကိုသတိထားမိသည်။လိုက်ပို့မည်ဟုပြောသော်လည်းအတင်းငြင်းဆန်နေသူကြောင့်သူ့သဘောအတိုင်းသာကျန်နေခဲ့လိုက်သည်။ သို့သော်စိတ်ထဲမှာတစ်ခုခုအလိုမကျဖြစ်နေတာမို့ အမေတို့နဲ့အိမ်မှာမြမှုးကိုထားခဲ့လိုက်ပြီး သက်လျာနောက်သို့လိုက်လာခဲ့သည်။ဒီအချိန်လောက်ဆိုကားမှတ်တိုင်နားမှာဘဲရှိမှာသေချာမည်ကိုသိနေတာကြောင့် ကားမှတ်တိုင်ဆီကိုသာမောင်းနှင်လိုက်သည်။

ညအချိန်က ၇နာရီကျော်ပြီမို့မှတ်တိုင်နားမှာလူတစ်ချို့သာရှိသည်။အသီးသီးစီးရမည့်ကားတွေနဲ့လိုက်ပါသွားတဲ့နောက် လူတစ်ယောက်ကခုံတန်းရှည်လေးရဲ့ဒေါင့်တစ်နေရာမှာခေါင်းငုံ့၍ထိုင်နေသည်။ဆံနွယ်ရှည်လေးတွေကမျက်နှာကိုကွယ်နေတာမို့ဘယ်သူဘယ်ဝါမသိပေမယ့် သေချာတာကတော့ထိုမိန်းကလေးကသူ့ရဲ့သက်လျာပင်​ဖြစ်လိမ့်မည်။မလှမ်းမကန်းနားမှာကားရပ်ခဲ့ပြီး သက်လျာနားကိုလျှောက်သွားလိုက်တော့ တရှုံ့ရှုံ့ငိုနေတဲ့သူလေးကြောင့်စိုးရိမ်သွားရပြန်သည်။

"ဘာလို့ငိုနေတာလဲ"

"ဟင်"

မျက်ရည်စလေးတွေကပ်ညှိနေတဲ့မျက်လုံးလှလှလေးတွေနဲ့မော့ကြည့်လာတဲ့သူ့အချစ်က ညအလင်းရောင်အောက်မှာပိုလို့ပင်လှလို့နေသည်။ကော့ဆင်းနေတဲ့မျက်တောင်လှလှလေးတွေကလဲသူ့အားမခတ်တမ်းကိုကြည့်နေကာ ပို၍ဝမ်းနည်းနေသယောင်။ငိုနေတဲ့သူ့အချစ်ကိုဖက်ထားလိုက်တော့ သက်လျာကသူ့ပုခုံးပေါ်ကိုမေးလေးတင်ပြီးငိုပြန်သည်။ဖက်ထားရာကနေသက်လျာရဲ့ဆံပင်လေးတွေကိုသပ်ကာကျောလေးကိုပုတ်ပေးတော့ငြိမ်နေရှာသည်။

"ဟင့် ရွတ်! "

"သက်လျာ"

"ဘာလဲ"

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now