- 40 - [ Unicode ]

48.5K 3.3K 254
                                    


(Uni)

မောင်ရုံးပိတ်ရက်လဲဖြစ်လပြည့်နေ့လဲဖြစ်တာကြောင့် သက်လျာတို့မိသားစုသုံးယောက် ဒီနေ့ဒေါ်နှောင်းရိပ်ရှိရာတရားစခန်းဆီသို့ရောက်လာခဲ့ကြသည်။ တရားရိပ်မှာပျော်မွှေ့နေတဲ့ မေမေကအပူအပင်ကင်းသည့်ဟန် မျက်နှာလေးမှာကြည်လင်လို့။ယောဂီဝတ်စုံဝမ်းဆက်ဖြင့် တံမြတ်စီးလှဲနေတဲ့မေမေ့နားကိုသက်လျာသွားလိုက်ကာ...

"မေမေ"

"ဟေ သားငယ်ဘယ်လိုရောက်လာတာတုန်း"

ကြိုပြောချင်ပေမယ့်မေမေကဖုန်းတောင်မကိုင်ဘဲ သားကိုပြစ်ထားတယ်ဆိုတာကိုတော့မပြောဖြစ်။သို့သော်နှုတ်ခမ်းကတော့ဆူလျှက်သား။

"အမိန့်မပါဘူးလားသား"

"ပါတယ် မေမေ ပြီးတော့...ဟို.. မောင်လဲပါတယ်"

သူ့ချစ်သူအကြောင်းပြောရတော့ရုပ်ကစောနကနဲ့မတူ။သူမ သားကအသက်သာ ၃၀ပြည့်ခါနီးတာ အခုထိဆယ်ကျော်သက်ကလေးတစ်ယောက်လို။

"ဟိုမှာလာပြီ"

သူမဆီကိုတမ်းတမ်းမှတ်မှတ်လျှောက်လာရဲ့သူနှစ်ယောက်ကြည့်ကာ ဒေါ်နှောင်းရိပ်ပြုံးလိုက်သည်။သားအဖနှစ်ယောက်က ပုဆိုးအကျီဆင်တူဖြင့်သိပ်ကိုလိုက်ဖက်လွန်းတာကိုး။

"ဘွားဘွားရီး.... "

သဘောလက်ကိုဖြုတ်ကာ အဘွားရှိရာသို့အပြေးလာနေတဲ့ အိုလေးကိုဒေါ်နှောင်းရိပ်ဆွဲပွေ့ကာရင်ခွင်ထဲထည့်လိုက်သည်။သူ့ခန္ဓာကိုယ်လေးနဲ့အံဝင်ဂွင်ကျဖြစ်တဲ့ ပုဆိုးနဲ့လည်ကတုံးအကျီလေးကိုဝတ်ဆင်ထားတဲ့အမိန့်ကတကယ့်ကိုဖြူဖြူလုံးလုံးလေးနဲ့ချစ်စရာလေးပင်။

"ဘွားရီးကို အနိမ့်လွမ်းနေတာသိလား"

"ဘွားကလဲ လွမ်းပါ့ရှင်"

"ကြည့်ပါဦး ဘွားမြေးလေးကပုဆိုးလေးနဲ့ လှနေပါလား"

"ဟီးဟီး ဒယ်ဒီဝယ်ပေးရာ အနိမ့်ချောရယ်မလား"

"ချောပါ့ရှင်"

" မေမေ ဒါက မင်းသဘောလေ ဟို...အမိန့်ရဲ့.."

"အမိန့်ရဲ့ဒယ်ဒီမဟုတ်လားကွဲ့"

သားဖြစ်သူအားကြည့်ပြီးဒေါ်နှောင်းရိပ်ခပ်ရေးရေးပြုံးလိုက်သည်။

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now