- 36 - [ Unicode ]

54.8K 3.8K 244
                                    


(Unicode)

အသက်ရှူသံမှန်မှန်ဖြင့်အိပ်ပျော်နေတဲ့ကလေးငယ်ဘေးမှာ အဖေနှစ်ယောက်ကတော့အတွေးတွေကိုယ်စီဖြင့်သာမှေးနေကြသည်။အမိန့်လေးကသူတို့နှစ်ယောက်ရဲ့လက်တွေကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတာကြောင့်ရုန်းထွက်ဖို့ရာ ခက်ခဲသည့်အခြေအနေ။သက်လျာတစ်ယောက် အမိန့်ရဲ့လက်ကိုသာသာလေးဖယ်ကာထဖို့ပြင်လိုက်တော့....

"ဟင့်"

"ကျွတ်စ် ကျွတ်စ်"

တွန့်ခနဲဖြစ်သွားတဲ့ခန္ဓာကိုယ်လေးကိုခပ်ဖွဖွပုတ်လိုက်ကာပြန်အိပ်စေလိုက်သည်။ ဘေးဘက်ကတစ်ယောက်စီကိုအကြည့်ရောက်မိတော့ နှစ်ခြိုက်စွာအိပ်မောကျနေဟန်။အိပ်ပျော်နေတဲ့သားအဖနှစ်ယောက်ကိုကြည့်ရတာ အပူအပင်ကင်းကင်းနှင့်ပင်။

အိပ်နေတဲ့သူကိုလဲမနိုးချင်တာမို့ သက်ပြင်းရှည်ရှည်ချလိုက်ကာအခန်းထဲမှထွက်ဖို့ပြင်လိုက်သည်။အိမ်ရှေ့ခန်းရဲ့ပြတင်းပေါက်နားမှာရပ်နေရင်း ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တော့ လမင်းကြီးကထိန်ထိန်သာကာ ကြယ်ကလေးတွေအများကြီးဖြင့် မြင်ရတဲ့မြင်ကွင်းဟာသိပ်ကိုလှသည်။

အတွေးတွေနဲ့အတူညလေညှင်းလေးကိုပြတင်းပေါက်ဝကနေရှူရှိုက်နေတုန်းအနောက်ကနေ လူတစ်ယောက်ကသူ့ရဲ့ခါးသွယ်သွယ်တွေကိုဖက်တွယ်လာတာကိုခံစားမိ၏။

"အင့်"

တင်းကျပ်စွာဖက်ထားခံရမှုကြောင့် ခန္ဓာကိုယ်လေးတွန့်ခနဲဖြစ်သွားကာ နောက်ကိုလှည့်ကြည့်လိုက်တော့မင်းသဘောပင်။

"ငါ့ကိုလွှတ်!"

"ခဏလေးပါ မောင်ဒီအတိုင်းလေးနေချင်လို့"

"ငါမင်းကိုသားမျက်နှာကြောင့်အိမ်ထဲဝင်ခွင့်ပေးထားတာကိုအခွင့်ကောင်းမယူနဲ့မင်းသဘော ဖယ်.."

"မောင်ခင်ဗျားကိုနမ်းမိလိမ့်မယ် စကားမများနဲ့"

"မင်း!!"

ရုန်းကန်နေသော်ငြားနောက်ကျောဆီမှလူရဲ့လက်တွေဖြင့်ဖက်ထားခံနေရတာကြောင့် သက်လျာပင်ပန်းယုံသာရှိသည်။ပုခုံးပေါ်ကိုသဘောရဲ့မျက်နှာကရောက်နေတာမို့ အသက်ရှူသံတစ်ချို့ကိုလဲ နား.နားကနေသဲ့သဲ့လေးကြားနေရသည်။

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now