- 6 - [ Unicode ]

55.4K 4.3K 627
                                    


(Uni)

နေဝင်ခါနီးညနေခင်းအချိန်တွင် နေဝင်ချိန်အလှကိုဝရန်တာကနေကြည့်ကာ လက်ထဲမှာလဲစီးကရက်တစ်လိပ်ကိုကိုင်ထားသေးသည်။ရှည်သွယ်သွယ်လက်ချောင်းတွေထဲက လက်ညှိုးနဲ့လက်ခလည်ကိုအသုံးပြုပြီး နှုတ်ခမ်းထက်တွင်ရှိုက်ဖွာနေပုံမှာအင်မတန်ကြည့်လို့ကောင်းလှသည်။ရေချိုးခါနီးဖြစ်တာကြောင့် ချွေးထွက်အောင်သွေးပူလေ့ကျင့်ခန်းလုပ်နေတာမို့ အပေါ်ပိုင်းဗလာကျင်းဖြစ်နေကာချွေးတွေနဲ့ပြည့်နေပြီး အောက်ပိုင်းမှာလဲအားကစားဘောင်းဘီတစ်ထည်နဲ့သာ။

ညနေရေမိုးချိုးပြီးကတည်းက ထိုင်မရထမရဖြစ်ကာသဘောတစ်ယောက်သူ့ဟာသူတောင်ဘာဖြစ်နေမှန်းမသိပေ။မာမီတို့ထမင်းစားဖို့ခေါ်တာတောင်ဆင်းမစားဘဲ အခန်းထဲ၌လူးလိမ့်နေသည်။စိတ်ထဲ၌ နူးနူးညံ့ညံ့ခန္ဓာကိုယ်လေးကိုလွမ်းနေသလိုလို ဒါမှမဟုတ်ပပဝတီအလားလှပတဲ့ သက်လျာမျက်နှာလှလှလေးကိုတွေ့ချင်နေသလိုလိုနဲ့ပင်။
ညနေပြန်ခါနီးအချိန်က စိတ်လိုလက်ရပြုံးနေတဲ့မျက်နှာလေးကိုမြင်ယောင်ပြီးသဘောပါအတူပြုံးလိုက်သည်။ပြီးနောက် သူမဟုတ်တဲ့တခြားတစ်ယောက်နဲ့အတူပြုံးရယ်ပြုနေတာဆိုတဲ့ အသိစိတ်ကဝင်လာပြီးဒေါသကထွက်လာရပြန်သည်။

"ကျစ်!! ခင်ဗျားကကျုပ်အာရုံကိုသိပ်ဖမ်းစားတာဘဲသက်လျာ"

အလိုမကျမှုတွေကြောင့်စိတ်တိုနေတဲ့အချိန် စားပွဲရှေ့ကဖောင်တစ်ခုဆီကိုအကြည့်ရောက်သွားသည်။အဲ့ဒီနောက်ဖောင်စာရွက်ထဲက ဖုန်းနံပါတ်တစ်ခုကိုရိုက်နှိပ်လိုက်ပြီးတစ်ဖက်မှတုံ့ပြန်သံကိုနားထောင်နေလိုက်သည်။ဒီအချိန်လောက်ဆိုမအိပ်လောက်သေးဘူးမလား။

"hello~~"

အိပ်ချင်မူးတူးအသံသေးသေးလေးကိုကြားမိချိန်ခဏ သဘောရင်ထဲဗြောင်းဆန်လို့နေသည်။အသံလေးတောင်ဒီလောက်ဆို အိပ်နေရင်အတော်ချစ်ဖို့ကောင်းမည့်ပုံပင်။

"အိပ်နေပြီလား"

"ဟင် ဘယ်သူလဲမသိဘူး"

"ကျစ်!! ကျုပ်အသံကိုတောင်ခင်ဗျားမသိဘူးလား"

သူ့ကိုကျုပ်နဲ့ခင်ဗျားနဲ့ပြောတာဆိုလို့ဟိုအဆိုးကောင်လေးသာရှိသည်ကိုသက်လျာသတိရသွားပြီးအိပ်ချင်မူးတူးဖြစ်နေရာမှထထိုင်လိုက်ကာ ဝဲကျနေသောဆံနွယ်ရှည်တွေကိုလိပ်တင်ပြီးရွှေရောင်ကလစ်ဖြင့်ညှပ်ထားလိုက်သည်။တစ်နေကုန်ပင်ပန်းထားတာမို့အိမ်ပြန်ရောက်ရောက်ခြင်း ရေမိုးချိုးထမင်းစားပြီးတာနဲ့ဆေးဘက်ဆိုင်ရာစာအုပ်တွေကိုအရင်ညတွေကလိုမလေ့လာနိုင်တော့ဘဲ သက်လျာအိပ်ပျော်သွားတာ ဖုန်းလာမှနိုးတဲ့အထိပင်။

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now