- 28 - [ Unicode ]

46.4K 3.4K 336
                                    


(Uni)

"Ting...Ting...Ting..."

မနက်အိပ်ရာထချိန်တိုင်းပေးတဲ့နှိုးစက်Alarmလေးက တုန်မြည်လာတာမို့သက်လျာနိုးလာခဲ့သည်။ခန္ဓာကိုယ်ပေါ်မှာညကဝတ်ထားတဲ့အဝတ်အစားမဟုတ်ဘဲအဝါရောင်Pajamasတစ်ထည်​နှင့်။ဒါ့အပြင်မောင့်ရဲ့ရင်ခွင်ထက်မှာသူကမျက်နှာအပ်ပြီးအိပ်ပျော်နေတာပင်။အိပ်နေရာကနေမော့ကြည့်လိုက်တော့ အိပ်ပျော်နေတဲ့မောင့်ရဲ့မျက်နှာချောချောကိုမြင်ရတာမို့ပြုံးလိုက်မိသည်။

အောက်ပိုင်းသပတ်တစ်ထည်သာရှိပြီးအပေါ်ပိုင်းဗလာကျင်းဖြစ်နေတာမို့ ကြွက်သားအဖုအထစ်တွေကထင်းနေအောင်ပေါ်ထွက်နေသည်။တစ်ခါမှမကိုင်ဖူးသောထိုအရာတွေအားကိုင်ကြည့်လိုက်တော့သက်လျာဗိုက်လိုအိကျိအိကျိဖြစ်မနေဘဲ အတော်မာသည်။အရွယ်နဲ့မလိုက်အောင် ဘယ်လောက်တောင်Gymတွေဆော့ထားလဲမသိ။

ညကအကြောင်းကိုပြန်စဥ်းစားတိုင်းမျက်နှာတွေပူလာကာရှက်စိတ်ကထိန်းလို့မရ။ ၅နာရီဆိုတာတကယ်တမ်းဆိုစောနေသော်လည်း စောစောထတတ်တဲ့သက်လျာအတွက်တော့မစောတော့။ငုတ်တုတ်ထိုင်ဖို့လုပ်မည်အပြုအောက်ပိုင်းတစ်နေရာကနာကျင်မှုကြောင့်မောင့်ဗိုက်ပေါ်သို့ယိုင်ကျတော့မလိုပင်။

"အာ့"

အားတင်းကာရေချိုးခန်းထဲသို့သွားပြီးအပေါ့အပါးသွားသော်လည်း နာကျင်မှုကပိုဆိုးလာသည်။

သဘောတစ်ယောက်အသံတစ်ချို့ကြောင့်တစ်ရေးနိုးလာချိန်သက်လျာကရှိမနေတာကြောင့်အခန်းထဲမှာပတ်ရှာနေမိသည်။လှစ်ခနဲမြင်လိုက်ရတာက ရေချိုးခန်းတံခါးဝနားမှာငုတ်တုတ်လေးထိုင်နေတဲ့သူ။Pamajasအဝါလေးနဲ့မသိရင် ကြက်ပေါက်စလေးအတိုင်းဘဲ။

"သက်လျာ ဘာလုပ်နေတာလဲ"

'ဘုန်း!...ဘုန်း!'

"မကောင်းတဲ့ကောင်"

သဘောရင်ထဲကိုလက်သီးသေးသေးလေးဖြင့်တဘုန်းဘုန်းထုကာငိုတော့မည့်သက်လျာကြောင့်ရင်ခွင်ထဲကိုအမြန်ထည့်ကာချော့ရတော့သည်။

"မောင့်သက်လျာလေးကဘာဖြစ်လို့လဲ မောင့်ကိုပြောလေ မောင်ကဘာမကောင်းလို့လဲ"

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Donde viven las historias. Descúbrelo ahora