- 41 - [ Unicode ]

41.5K 3.1K 262
                                    


(Uni)

ညလေညှင်းဖြူးဖြူးက ဖြည်းညင်းစွာတိုက်ခတ်နေကာ
ဝရံတာဒေါင့်စွန်း၌စီးကရက်ကိုရှိုက်ဖွာနေတဲ့မောင့်ပုံစံကအဝေးကကြည့်တာတောင် ချောမောလှသည်။အခုချိန်ထိမအိပ်သေးပါဘဲမောင်ဒီမှာဘာလုပ်နေသည်လဲ။

"မောင်"

နောက်ကျောကနေခါးကိုဖက်လိုက်တော့ မောင်ကသူ့ကိုပြန်ကြည့်လာသည်။

"မအိပ်သေးဘူးလား သက်လျာ"

"မောင်မရှိတော့ငါတစ်ယောက်ထည်းအိပ်မပျော်ဘူး"

"မောင် ဒီတစ်လိပ်ကုန်ရင်ဝင်လာခဲ့မယ်"

တစ်လိပ်ကုန်ရင်သာပြောတယ် သူမလာခင်မောင်သောက်ထားတဲ့စီးကရက်လိပ်တွေအောက်မှာကျနေတာများ တစ်လိပ်မက။

"တော်ပြီလေ မောင် မင်းရောဂါရမယ်"

"ဒီတစ်လိပ်ပါဘဲ"

စကားနားမထောင်တဲ့အခါစိတ်ကဆိုးချင်လာသည်။ဖက်ထားရာမှခွာလိုက်ရင်း မောင့်နှုတ်ခမ်းထက်ကစီးကရက်ကိုယူကာ သက်လျာတစ်ရှိုက်ဖွာလိုက်သည်။အငွေ့တွေကိုတော့ မောင့်နှုတ်ခမ်းတွေထဲသို့လွှင့်ထုတ်လိုက်ရင်းနဲ့ပေါ့။စီးကရတ်သောက်ထားတဲ့မောင့်ရဲ့အညိုရောင်နှုတ်ခမ်းတွေဆီသို့သက်လျာရဲ့ပန်းနုရောင်နှုတ်ခမ်းသားလေးထပ်တူကျလို့နေသည်မှာ အင်မတန်ရင်ခုန်စရာကောင်းလှသည်။

"အဟွတ်! ဟွတ်"

ဆေးလိပ်အနံ့ဆိုခံတောင်မခံနိုင်တဲ့အူရိုင်းလေးကအခုလိုရှိုက်ဖွာလိုက်တော့ မွှန်သွားတာအမှန်။

" ဘာလို့သောက်တာလဲခင်ဗျားရာ"

"မင်းမှငါ့စကားနားမထောင်တာ"

"ဟုတ်ပြီ မောင်မသောက်တော့ဘူး"

ဟုပြောပြီးနောက်လက်ထဲကစီးကရက်ကိုချက်ချင်းမီးငြှိမ်းပစ်လိုက်တဲ့မောင်။

"ငါ့ယောကျ်ားက လိမ္မာတယ်"

"ဘယ်လို ဘယ်လို ပြန်ပြောပါဦး"

သူ့ဟာသူယောကျ်ားလို့ခေါ်ပြီးရှက်နေပြန်တဲ့သူကြောင့်သဘောထပ်စချင်လာသည်။

"မပြောဘူး"

"ပြောပါကွာ မောင်ကြားချင်လို့"

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now