- 9 - [ Unicode ]

51.1K 4.3K 170
                                    


(Uni)

ပုလဲလုံးသဖွယ်တောက်ပနေတဲ့မျက်လုံးလေးတွေထက်ဝယ် မျက်ရည်စလေးတစ်ချို့ကပ်ညှိနေပုံမှာအင်မတန်ပင်ကြည့်လို့ကောင်းလှသည်။မျက်တောင်ကော့ကော့လေးတွေဖြင့်နားမလည်သလိုပြန်ကြည့်နေတာကလဲချစ်ဖို့ကောင်းနေပြန်၏။အချိန်အတော်ကြာစုပ်ယူနမ်းရှိုက်ခံထားရတဲ့ပန်းနုရောင်နှုတ်ခမ်းသားနုနုကအနည်းငယ်ထူအမ်းနေသယောင်။

မသိစိတ်ကဖြစ်ပေါ်လာတဲ့ရင်ခုန်မှုကသက်လျာဆိုတဲ့သူနဲ့မှတွေပြီးနိုးထလာခဲ့သည်။အမြဲတမ်းဒီမျက်နှာလေးအားမြင်ချင်သလို နူးနူးညံ့ညံ့အသံကိုလဲကြားချင်မိသည်။သဝန်တိုစိတ်နဲ့အတူဖြစ်ပေါ်လာတဲ့ခံစားချ​က်ကလဲသဘောအားထိန်းချုပ်မပေးနိုင်တာကြောင့် စိတ်ရှိတိုင်းဖွင့်ပြောလိုက်ခြင်းပင်။သို့သော် သက်လျာကဘာမှပြန်မပြောဘဲသူ့ကိုသာကြည့်နေသည်။

"သက်လျာ...."

"အင်း"

"စောနကပြောလိုက်တဲ့စကားကို စဥ်းစားပေးမယ်မဟုတ်လား"

သက်လျာသိသည်။ပြန်မေးစရာမလိုအောင် အကုန်လုံးကိုလဲရှင်းရှင်းလင်းလင်းကြားလိုက်သည်။သဘောကသူ့ကိုချစ်နေမိသည်တဲ့။ထိုစကားကိုကြားမိချင်းသက်လျာအငိုရပ်သွားကာ သဘောအားဘာမှမပြောဘဲ ခဏတာကြည့်နေမိသည်။သူ့အားအတင်းနမ်းရှိုက်ပြီးချစ်ခွင့်ပန်နေတဲ့သဘောက သက်လျာကိုတကယ်သဘောကျနေတာလား။တကယ်လို့သဘောကျနေတယ်ဆိုရင်တောင် မိန်းကလေးလိုဝတ်စားနေထိုင်တဲ့သက်လျာရဲ့ပုံစံကိုဘဲမဟုတ်လား။ လားပေါင်းများစွာသောမေးခွန်းတွေကိုမတွေးတော့ဘဲ သဘောမျက်နှာကိုကြည့်ကာ...

"ဟင့်အင်း...ငါ့ကိုချစ်လို့မရဘူး"

"ဘာဖြစ်လို့လဲ ယောကျ်ားနဲ့မိန်းမ လူပျိုအပျိုသဘာဝ ကျွန်တော်ခင်ဗျားကိုချစ်ခွင့်မရှိဘူးလား"

"မရှိဘူး"

သက်လျာပြောလိုက်တဲ့ပုံစံကခပ်ပြတ်ပြတ်ပင်။သက်လျာကမိန်းကလေးတစ်ယောက်မဟုတ်ဘူးဆိုတာသူ့ကိုယ်သူအသိဆုံး။သက်လျာဘယ်လိုဘဲ ဒီလိမ်ညာမှုကိုဖုံးကွယ်ထားပါစေ အမှန်တရားဆိုတာကတစ်ချိန်မှာပေါ်လာခဲ့ရင်.....ဟင့်အင်း။သူဒါတွေကိုဆက်မတွေးချင်ပါ။

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now