(Zawgyi)
ကျယ်ဝန်းသောအခန်းကျယ်ကြီးတစ်ခုတွင် Shareရှင်များနှင့်တခြားသောကုမ္မဏီရဲ့အရေးပါတဲ့လူတစ်ချို့ပါအသီးသီးထိုင်နေကြသည်။ဒီကနေ့က"မင်းလုပ်ငန်းစု"(Minn Group)ရဲ့ CEOအသစ်ခန့်အပ်ကြောင်းကြေညာမည့်ရက်ဖြစ်တာကြောင့်လူစည်နေကြခြင်းပင်။ ဦးမင်းအာဏာနှင့်အတူသားဖြစ်တဲ့ မင်းသဘောတို့နှစ်ယောက် ထိုအခန်းတွင်းသို့ဝင်လာပြီးCEOနေရာတွင်တော့ သဘောကဝင်ထိုင်လိုက်ကာ ဦးမင်းအာဏာကတော့ဘေးခုံမှာဖြစ်သည်။
စဝင်လာကတည်းက မင်းသဘောရဲ့ရှည်လျားတဲ့အရပ်ကြီးကလူကြားထဲမှာထင်းခနဲ။အရင်နေ့တွေကရံဖန်ရံခါရောက်ဖြစ်ပေမယ့်ဒီနေ့မှတရားဝင်မိတ်ဆက်မှာမို့ သဘောမှာ ဝန်ထမ်းများကြားရေပန်းစားနေသည့်CEOအသစ်ဆက်ဆက်ပင် ။အသက် ၂၀ပြည့်ခါနီးလူငယ်တစ်ယောက်က Gymဆော့ထားလားမေးနေစရာမလိုအောင်ကြွက်သွားတွေမှာတောင့်တင်းသန်မာလှသည်။Suitနက်ပြာဝမ်းဆက်နှင့်အတူ ဆံပင်တွေကိုGelဖြင့်သပ်တင်ထားတဲ့သဘောက ကြည့်မိသူတိုင်းငေးကြည့်နေချင်သယောင်။တစ်လှမ်းချင်းစီလှမ်းနေတဲ့ခြေထောက်တွေကလဲ ပြောင်လက်နေတဲ့ Latherဖိနပ်ချွန်ခွန်ကြောင့်ပို၍ပေါ်လွင်နေတာအတိ။
"ဒီနေ့ကျွန်တော်ပြောချင်တာကတော့ မင်းလုပ်ငန်းစုရဲ့CEOဖြစ်တဲ့ကျွန်တော်ဦးမင်းအာဏာနေရာမှာ ကျွန်တော်သားဖြစ်တဲ့ မောင်မင်းသဘောကိုလွဲပြောင်းပေးချင်လို့ပါ "
ဦးမင်းအာဏာရဲ့စကားအဆုံး ရှယ်ယာရှင်များကသဘောအားစိုက်ကြည့်လာကြသည်။ဒီကုမ္မဏီမှာ Share(%) အများဆုံးက ဦးမင်းအာဏာသာဖြစ်တဲ့အတွက် ဘာမှမပြောရဲကြ။မပြောကြတာဟာလဲ ဒီအဖေကထွက်တဲ့ ဒီသားကလဲသူ့အဖေလိုမျိုးဘဲ တော်မှာဆိုတာကြိုသိနေခြင်းကြောင့်ပင်။
"ကန့်ကွက်ချင်တဲ့သူများရှိပါသလား ခင်ဗျ"
ငြိမ်သက်တိတ်ဆိတ်နေသောအခန်းထဲ၌ သဘောမေးလာသည့်အသံကရှင်းရှင်းလင်းလင်းကိုကြားလိုက်ရတာမျိုး....
"မရှိပါဘူး ဦးမင်းအာဏာရဲ့သားဆိုမှတော့ အဖေလိုဘဲဒီလုပ်ငန်းကိုအောင်မြင်အောင်လုပ်နိုင်မယ်လို့ ဦးတို့ယုံကြည်ပါတယ်"
YOU ARE READING
မင်းသဘောပါ မောင့်သက်လျာ [ Complete ]
Romance[Own Creation] BL/Male pregnancy Uke weak and look like girl 💟