(Zawgyi)"သူရ အမိန့်ကိုသေချာကြည့်ထားပေးနော်"
"အေးပါကွာ အမှန်ဆိုငါမင်းကိုအလုပ်လုပ်ခိုင်းချင်တာမဟုတ်ဘူး မင်းယောက်ျားရှိနေတာဘဲဟာကို"
"တော်စမ်းသူရ ငါ့သားကိုငါကိုယ်တိုင်ကျွေးမွေးစောင့်ရှောက်နိုင်တယ်"
"ငါကပြောပြတာပါကွာ လမ်းကိုဂရုစိုက်သွားဦး"
"အင်းပါ အမိန့်ပါပါးသွားပြီနော် လေးပိုင်နဲ့ငြိမ်ငြိမ်နေခဲ့ ပြန်လာမှမုန့်ဝယ်ခဲ့မယ်"
"ရက်စ် ပါပါး"
အရုပ်တွေနဲ့ဆော့နေတဲ့သားကိုနှုတ်ဆက်ပြီးနောက် သက်လျာကလိုအပ်တဲ့ဖိုင်တွဲအိတ်ကိုယူကာ အင်တာဗျူးဖြေဖို့သွားပြီဖြစ်သည်။အရင်ကနယ်မှာလဲ ကုမ္မဏီအလုပ်လုပ်ခဲ့ဖူးတော့အဲ့ဒီ့အတွေ့အကြုံနဲ့အလုပ်တစ်ခုခုရဖို့တွေးထားခြင်းသာ။သူရဲ့သားရှေ့ရေးအတွက်ဘယ်သူ့ကိုမှအားကိုးမနေချင်တာမို့ သူကိုယ်တိုင်အလုပ်ရှာမှရတော့မည်။
Taxiကားလေးကတစ်ဖြည်းဖြည်းဖြင့် Sun Groupဟူသည့်ကုမ္မဏီသို့ရောက်ရှိလာသည်။ကားပေါ်ကနေဆင်းလိုက်ကာ အဆောက်အဦးထဲသို့ဝင်လိုက်တော့သူ့နည်းတူအလုပ်လာလျှောက်သည့်သူတွေကအများကြီးပင်။ထိုအချိန် တံခါးဝကနေကုမ္မဏီအတွင်းထဲသို့ဝင်လာတဲ့သူကြောင့် အကုန်လုံးရဲ့အကြည့်တွေကထိုလူ့ဆီမှာသာ။ကောင်မလေးတစ်ချို့ကထိုလူ့ပုံစံကိုကြည့်ကာတီးတိုးပြောဆိုနေသည့်အသံများကလဲ ဟိုတစ်စဒီတစ်စ။
လူကြီးလူကောင်းဆန်ဆန်Suitအနက်ရောင်ဝမ်းဆက်နှင့်အတူချောမောခန့်ညားတဲ့မျက်နှာကမြင်သမျှသူတိုင်းငေးမောချင်စရာ။ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းမှာပြောင်လက်နေတဲ့latherဖိနပ်အနက်ရောင်ကထင်းခနဲ။ဒါ့အပြင်ကိုမှထိုလူဦးတည်ပြီးလျှောက်နေသည်က နှောင်းဦးသက်လျာဟူသည့်ယောက်ျားငယ်ဆီကို။
"မောင့်အချစ်ကဒီကိုဘာလုပ်ဖို့လာတာလဲ"
သဘောဝင်လာကတည်းကတိတ်ဆိတ်သွားတဲ့ ပတ်ဝန်းကျင်ကြောင့် အခုပြောလိုက်သောစကားသံမှာလူအနည်းငယ်ကြားရလောက်သည်။
YOU ARE READING
မင်းသဘောပါ မောင့်သက်လျာ [ Complete ]
言情[Own Creation] BL/Male pregnancy Uke weak and look like girl 💟