- 13 - [ Unicode ]

47.2K 4K 96
                                    


(Uni)

အိမ်ရှေ့ခုံတန်းပေါ်၌ဖက်ကြမ်းဆေးလိပ်ကိုကျကျနနရှိုက်ဖွာနေကာ မျက်စိရှေ့တစ်နေရာအားကြည့်နေတဲ့အဖေ့နားကိုသက်လျာသွားလိုက်သည်။​နက်မှောင်ပျော့ပျောင်းတဲ့ဆံပင်ရှည်တွေက ဆော့ထားတာကြောင့်သဲတွေဖုန်တွေကပ်ကာရှုပ်ပွနေပြီဖြစ်သည်။ထို့နောက်ဘီးတစ်ချောင်းကိုယူကာဦးကျော်ဇောကိုကြည့်လိုက်ပြီး

"ဖေဖေ သားကိုခေါင်းဖီးပေးပါလား"

"ဒီကိုလာ"

သက်လျာလေးရဲ့အပြောကိုဆေးလိပ်အသောက်မပျက်ဘဲဦးကျော်ဇောကဖြေသည်။အလျင်အမြန်ဘဲအဖေဖြစ်သူရဲ့ရှေ့နားသို့သွားလိုက်ပြီးဘီးကိုလက်ထဲထည့်ပေးကာချစ်စရာကောင်းအောင်ပြုံးပြလိုက်သည်။သစ်ရွက်ခြောက်တွေအပြင်ဖုန်အနည်းငယ်ပါ ကပ်ညှိနေတဲ့သက်လျာဆံပင်ကဖီးရခက်နေတာမို့ ဦးကျော်​ဇောစိတ်မရှည်ချင်တော့ပေ။

"မင်းဘယ်တွေသွားဆော့လာလို့ အဲ့လောက်တောင်ဖီးကခက်နေရတာလဲ"

"သူရတို့နဲ့သွားဆော့လာတာလေဖေဖေရဲ့ ဟီး နေရာအစုံဘဲ"

"နှောင်းဦးသက်လျာ "

"ဗျာ..."

"ဒီ​ဆံပင်တွေကိုတန်ဖိုးထားရမယ် ဘာအကြောင်းနဲ့မှအပျက်စီးမခံနဲ့"

"ဘာလို့လဲ ဖေဖေ"

"မင်းကဒီဆံပင်တွေနဲ့လိုက်တယ် ငါပြောတာကိုမှတ်ထားကြားလား"

"ဟုတ်"

အဖေဖြစ်သူအပြောကို၅နှစ်အရွယ်ကလေးတစ်ယောက်ကသိပ်နားမလည်ချင်ပေမယ့် ထိုစကားကိုတော့သက်လျာကောင်းကောင်းမှတ်ထားသည်။ဦးကျော်ဇောမှာမူမျက်လုံးလေးမှိတ်တဲ့အထိရယ်ပြနေတဲ့ သားဖြစ်သူအားကြည့်ပြီးဂရုဏာသက်ချင်သော်လည်း သူဒီကလေးကိုဘယ်လိုမှချစ်လို့မရပေ။မချစ်ဘဲနဲ့ယူခဲ့ရတဲ့မိန်းမဆီမှသူမလိုချင်တဲ့ဒီကလေးကို ဖခင်မေတ္တာမပေးနိုင်။ဒီ့အတွက်လဲသက်လျာအပေါ်အားနာရသည်။
အပြစ်မရှိတဲ့ကလေးတစ်ယောက်က သူ့အတ္တတွေကြောင့်အဖေမေတ္တာကိုငတ်မွတ်နေရှာသည်။

မိန်းကလေးတစ်ယောက်မဟုတ်သော်ငြား မိန်းကလေးတွေထက်ပိုလှတဲ့သူ့ရဲ့သားက မျက်တောင်ကော့ကော့လေးတွေအပြင်၊​
ဖြူ​ဖွေးနူးညံ့တဲ့အသားအရည်လဲရှိသည်။ထို့အတူမွေးကတည်းကအခုချိန်ထိမညှပ်ဘဲရှိနေတဲ့ဆံပင်တစ်ချို့ကလဲပုခုံးအောက်နားကိုရောက်လုနေပြီဖြစ်သည်။သို့သော်သူလိုချင်တာကသားယောကျ်ားလေးမဟုတ် သမီးမိန်းကလေးပင်။ဒါကြောင့်သက်လျာတို့သားအမိအပေါ်မှာဦးကျော်ဇောက ခင်ပွန်းတာဝန်ရော၊အဖေတာဝန်ရောဘာတစ်ခုမှမကျေခဲ့။ဒီအပြစ်တွေအတွက်နောင်ဘဝဆိုတာရှိရင်သူပြန်ပေးဆပ်ချင်သေးသည်။

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now