prologue

3.8K 166 6
                                    

Unicode;

​​နွေဦးအကြိုရဲ့ရွက်ကြွေတွေက လွမ်းမောဖွယ်ကဗျာတစ်ပုဒ်လို လှပပါတယ်။
မြေပေါ်ခချိန် ​​ဆွေးမြေ့သွားမှာသိနေရင်တောင် ရှုစားသူတွေမျက်စိပသာဒရှိစေဖို့ရာအတွက် သူတို့ရဲ့ နောက်ဆုံးအလှတရားကို တာဝန်တစ်ခုနှယ် အစွမ်းကုန် တောက်ပပေး​ကြရှာပါတယ်။
ရွက်သစ်တွေ ပြန်လည်မွေးဖွားပေးဖို့ရာ သစ်ပင်ကိုစွန့်ခွာ​ပေးလေတဲ့ ရော်ရွက်ဝါတွေဟာ အပြုံးနဲ့နုတ်ဆက်ကောင်းနုတ်ဆက်ကြပါလိမ့်မယ်...
ဒါပေမဲ့ နောက်ဆုံးဆိုတဲ့အခိုက်အတန့်က အနည်းနဲ့အများတော့ ဝမ်းနည်းဖို့ကောင်းတာပါပဲ....

လေတစ်သုတ်ဖြတ်တိုက်သွားချိန် ရွက်ကြွေတွေကတစ်ဖျောဖျောကျဆင်းလာပြန်တယ်။
ဆံသားတွေပေါ်ကျဆင်းလာတဲ့ ဝါခြောက်ခြောက် ရွက်ကြွေတွေကိုမော့ကြည့်ရင်း ပြုံးနေတဲ့ကောင်ငယ်လေးဟာ စင်ကြယ်မှုတွေဖိတ်စင်လို့ပါပဲ....

"လေတိုက်နေတယ်...ကိုယ်တို့ ပြန်လှည့်ကြမလား.."

နွေဦးဝင်စရဲ့ အပူဒဏ်မကဲတဲ့ဒီဒေသက လေနည်းနည်းတိုက်တာနဲ့ ခပ်စိမ့်စိမ့်​ဖြစ်ဆဲပဲမို့ ကောင်လေးအအေးမိမှာ သူက စိတ်ပူတယ်။
ဒါပေမဲ့ကောင်လေးက ခေါင်းမာတယ်။
ခပ်ဖျော့ဖျော့ဆွယ်တာအပါးလေးကို လက်ဖျားလေးတွေအုပ်အောင် ဆွဲချလိုက်ရင်း

"ဒီအချိန်လောက်ဆို စာသင်နှစ်တွေပြီးလောက်ရောပေါ့.... စာမေးပွဲပြီးတဲ့အချိန် အိမ်မပြန်ပဲ အပူပင်မရှိ လျောက်သွားခဲ့ရတဲ့အရသာကို လွမ်းလိုက်တာ.... "

ကောင်လေးအပြုံးတွေက လွမ်းဆွတ်ခြင်းတွေဆီဦးတည်လို့သွားတယ်...

"အဲ့ဒီတုန်းကကျွန်တော်သိပ်ဆိုးတယ်မလား... ဒီလိုလမ်း​တွေပေါ်လည်း ခဏလေးနဲ့ ပြေးလွားသွားနိုင်ပြီး စိတ်ကြိုက်ခုန်ပေါက်နိုင်တယ်....
အကို မှတ်မိလား... ဒီသစ်ရွက်တွေလိုက်​ပြေးဖမ်းပြီး စာမေးပွဲအောင်ဖို့ ဆုတောင်းခဲ့တာလေ...."

ထို့အတူမကျေနပ်ဟန် နုတ်ခမ်းစူလို့ စကားဆက်တယ်။

"အခုလိုမျိုးသာကြိုသိခဲ့ရင် အဲ့ဒီဆုတောင်းတွေအစား တစ်ခြားဆုတောင်းတစ်ခုကို ပြောင်းခဲ့မိမှာ... "

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now