ep.29

652 79 5
                                    

Unicode;

ဝမ်ရိပေါ် ထပ်ပြီးအဖျားကြီးပြန်တယ်...
နေ့လည်ကအထိ အကောင်းတိုင်းရှိနေတဲ့သူက ညခင်းပိုင်းရောက်တော့ ထိုးအန်တယ်...

ရှောင်းကျန့်ရဲ့ ပုံမှန်ပြုစုမှုတွေဟာ မထိရောက်...
အဖျားမကျသွားပဲ ပိုပြီးဖြူဖျော့လာကာ ချွေးစေးတွေရွဲနစ်လို့နေရဲ့...

"ဆေးရုံသွားမယ်... ဆေးရုံသွားမှရမယ်..."

ရှောင်းကျန့်အလောတကြီးဆေးရုံကို ဖုန်းအဆက်...

"ဒေါက်တာ.. ဒီမှာ .. ဒီမှာ ရိပေါ် ထပ်ပြီးတော့..."

ရှောင်းကျန့် ရိပေါ်ရှိရာကို လှည့်ကြည့်လိုက်တယ်ဆိုရင်ပဲ..
သူ့လက်ထဲက ဖုန်းဟာ ကြမ်းပြင်ပေါ်ကိုကဆုန်ပေါက် ပြုတ်ကျသွားခဲ့ပြီး သူ့ခြေလှမ်းတွေဟာ ရိပေါ်အနားအပြေးရောက်သွားတယ်...

"ရိပေါ်.. ဝမ်ရိပေါ်!!"

ကုတင်ပေါ်က ဝမ်ရိပေါ်ဟာ ထထိုင်နေပြီး အသက်ရှုရခက်သလိုဖြစ်နေတယ်...
အဆိုးဆုံးက နှာခေါင်းထဲက သွေးတွေစီးကျနေခဲ့တာပဲ...

"အကို... ကျွန်တော်.. သွေး.."

"မဟုတ်ဘူး... ရတယ်... ရတယ်... ကိုယ့်ကိုကြည့်... ဘာမှမဖြစ်ဘူး.. "

သူ ထိတ်လန့်ပြီး အရမ်းပြာယာခတ်မသွားအောင် စကားတွေတစ်တွတ်တွတ်ပြောတယ်...

"မဟုတ်.."

"အဆင်ပြေမှာ.. ဘာမှမဖြစ်စေရဘူး... "

သွေးစတွေအလျှင်အမြန်သုတ်နေတုန်းမှာပဲ..

"အဟွတ်..ဟွတ်.."

"ဘာမှမဖြစ်....."

သူ့လက်တွေပေါ်ဖိတ်စင်လာတဲ့ သွေးတွေ...
သူ့လက်ထဲက အဝတ်ဖြူဟာ အနီရောင်တွေစိုရွဲသွားတယ်...

ချောင်းတစ်ချက်အဆိုးမှာ ပါးစပ်ဆီက အံကျလာတဲ့ သွေးတွေ...

ရှောင်းကျန့်ရဲ့တစ်တွတ်တွတ်စကားလုံးတွေဟာ လေထဲမှာ တန့်ကနဲ....

*ဟလို... ရှောင်းကျန့်... အဆင်ပြေရဲ့လား... ကျွန်တော်အခုပဲ ဆေးရုံကားလွှတ်လိုက်မယ်... ဟလို...ဟလို.."

တစ်ဖက်ခြမ်းက စကားသံတွေပျံ့လွင့်နေတဲ့ ကြမ်းပြင်ပေါ်ကဖုန်းလေးကတော့ ကွဲအက်လို့...

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now