ep.4

772 85 3
                                    

Unicode;

ဝမ်ရိပေါ်တစ်ယောက် အရာရာကို စိတ်အလိုမကျပဲ ဂျစ်တိုက်ချင်တဲ့ကောင်လေးတစ်ယောက် ဖြစ်နေတယ်။
အကို့ဆီက အရေးမစိုက်ခြင်းခံရလေလေ အာရုံစိုက်ချင်လာအောင် ပိုလုပ်ချင်ချင်ဖြစ်လာတော့တာ...

စကားနားမထောင်ချင်ဘူး...
သူ့ကြောင့် အကိုစိတ်ဆိုးနေတာကိုမြင်နေရတာက သူ့အပေါ်အာရုံရှိနေတယ်ဆိုတဲ့စိတ်နဲ့ ပိုစိတ်ဆိုးအောင်လုပ်နေမိတာပဲ...
အကို သူ့လက်ဆစ်တွေကိုပေတံနဲ့ခေါက်ပြီး အပြစ်ပေးထားလို့ နီရဲပြီးတစ်ချို့နေရာတွေ သွေးခြေဥနေတယ်။
သူ့အသားအရေက ဖြူဖျော့နေတာကိုး...
မြင်ရတာ သိသာနေတယ်။

အော်...အချစ်ကပေးတဲ့ အမှတ်အသားတွေ...

အကိုက လှပေမဲ့ သိပ်အကျင့်မကောင်းဘူး..
နှလုံးသားမရှိဘူး...
အနားမှာရှိရက်နဲ့ လျစ်လျူရှုခံနေရတာကို မခံစားနိုင်ဘူး...
အကို့ရဲ့ စာရှင်းပြတဲ့အသံကိုနားထောင်လေလေ ဒီအကြောင်းက ခေါင်းထဲဝင်လေလေပဲ....
အာရုံစုစည်းလို့မရဘူး..
ဒါကိုမတွေးမိဖို့အတွက် အနားရှိရာပစ္စည်းကို အာရုံပြောင်းတဲ့အခါ အကိုစိတ်ဆိုးပြီးဆူတယ်။
ဒါက ပိုကောင်းတယ်ထင်တာပဲ....

ရှောင်းကျန့်စာရှင်း​ပြနေချိန်မှာ ခဲသားဘောပင်ဆီက တစ်ထောက်ထောက်အသံ အဆက်မပြတ်ထွက်လာတယ်...
လှည့်ကြည့်လိုက်ရင် ဝမ်ရိပေါ်အာရုံက သင်ခန်းစာမှာမရှိ..
အဲ့ဒီ ခဲသားဘောပင်ကိုပဲ သဲကြီးမဲကြီး ကြည့်လို့ကစားနေတယ်။

ရှောင်းကျန့် အဲ့ဒီပစ္စည်းကိုယူသိမ်းလို့ ခဲတံတစ်ချောင်းပဲပေးထားလိုက်တယ်။
သိပ်မကြာဘူး..
ဗလာစာအုပ်က စာရွက်တွေကို စိစိညှပ်ညှပ်​ကြေအောင်ဖြဲဆော့နေပြန်တယ်။
ဗလာစာအုပ်တွေ ယူသိမ်းလို့ ဖြဲမရတဲ့ပုံနှိပ်စာအုပ်ပဲချထားပေးလိုက်တယ်။
ဝမ်ရိပေါ်ဘေးမှာလည်းစာရွက်ပိုင်းတွေပြန့်ကျဲလို့...

ရက်အနည်းငယ်ကြာတဲ့အထိ ဝမ်ရိပေါ်က ဒီလိုပြုမူနေတုန်း။
တစ်ခုမဟုတ်တစ်ခု အမြဲလုပ်နေတာကြောင့် သူ့ရဲ့ အရုပ်တွေ စာသင်ရင်းယူဆော့လို့မရအောင် သော့ခတ်ခံထားရပြီ။
သူကြိုက်တဲ့ သီချင်းခွေတွေ နံရံက ပိုစတာတွေအထိ ဖြုတ်သိမ်းထားတယ်။
ဘာမှဆော့စရာမကျန်ရင် အဲတာတွေကို တစ်မေ့တစ်မောထိုင်ကြည့်နေတော့တာမို့...

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now