ep. 19

717 90 3
                                    

Unicode;

ညဘက်မှာတော့ ကျောင်းသားတွေရော ဆရာရော အားလုံးပေါင်းပြီး အသားကင်လုပ်စားကြတယ်။
နောက်ဆုံးညဆိုတော့ နွေးထွေးတဲ့အချိန်ကာလကို ဖန်တီးကြဖို့ အားလုံးအတူတကွ ရှိနေကြရဲ့...
လေသံနဲ့အတူ စကားပြောသံသဲ့သဲ့ သီချင်းသံပြတ်တောင်းပြတ်တောင်းနဲ့ အပန်းဖြေအိမ်ရဲ့ခြံဝန်းကြီးက သက်ဝင်လှုပ်ရှားလို့နေတယ်။

"ဒီရောက်ကတည်းက ငါတို့ခွဲနေနေရတာဆိုတော့ စကားတောင် သိပ်မပြောဖြစ်ဘူး.."

ချိုးဟွာက စကားစလာတော့ သူခေါင်းငြိမ့်ထောက်ခံလိုက်တယ်။

အပေါင်းအသင်းစုံတဲ့ ရှင်းယီးက တခြားကျောင်းသားတွေနဲ့အတူ အခြားစားပွဲမှာ အဖွဲ့ကျနေတော့ လက်ရှိမှာသူနဲ့ချိုးဟွာနှစ်ယောက်တည်း ညစာစားဖြစ်တယ်။
အကိုကတော့ တစ်ဖက်စားပွဲမှာ ဆရာနဲ့တူတူထိုင်ပြီးစကားပြောနေတယ်။

"ငါ အထက်တန်းပြီးရင် အနုပညာကျောင်းပဲတက်ပြီး ဓာတ်ပုံပညာကိုပဲ ဆက်လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်"

"တကယ်ကြီးလား..."

"အင်း.."

ချိုးဟွားက ပြုံးစစနဲ့ ဒီဆုံးဖြတ်ချက်အပေါ် ကျေနပ်ပျော်ရွှင်နေပုံရရဲ့...
သူမအတွက် တကယ်ဝမ်းသာမိသွားတယ်။

"ဘယ်လိုဖြစ်ပြီး.."

"နင်ပြောသလို ငါ ငါ့မိဘကိုသေချာရှင်းပြပြီး အတင်းဖက်တွယ်ထားလိုက်တာလေ... အစပိုင်းတော်တော်အေဆင်မပြေဖြစ်ခဲ့ပေမဲ့... နောက်ဆုံး လက်ခံပြီးခွင့်ပြုလိုက်တယ်"

"ဝမ်းသာတယ် တကယ်.."

သူမအပြုံးက တကယ့်ကိုတောက်ပနေတာ...
သဘောကျတဲ့အရာကို တရားဝင် လုပ်ခွင့်ရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ...

"နင့်ကိုကျေးဇူးတင်တယ်... နင်သာအားမပေးရင် ငါ... ဒါကို စွန့်လွတ်လိုက်လောက်ပြီ"

"နင်ကိုယ်တိုင်ကလည်း စိတ်ရင်းနဲ့ အရမ်းကြိုက်တာမို့လို့ပေါ့... လုံးဝကိုမစွန့်လွတ်ချင်လို့လေ.. "

"နင့်ကျေးဇူးကြောင့်ပါဆို.."

သူပါရယ်လိုက်မိရင်း

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now