ep. 11

655 82 2
                                    

Unicode;

ရက်သတ္တပတ်တစ်ခုစာရက်စွဲဟာ အကို့ကို ဒီနေရာနဲ့ရင်းနှီးကျွမ်းဝင်ဖို့ လုံလောက်တဲ့အချိန်ပဲထင်ရဲ့..
အကို အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့တယ်ဆိုတာလည်း သံသယဖြစ်စရာမရှိ...
တစ်တန်းလုံးဟာ အကိုရဲ့အရည်အချင်းကိုယုံကြည်လာပြီးနောက် ဆရာဆိုတဲ့အခေါ်အဝေါ်ကို တွင်တွင်ကျယ်ကျယ် လက်ခံလာခဲ့ပြီ။

အချိန်တွေ ဘယ်လိုကြပ်ပြီး ဘာလုပ်စရာတွေများပြားနေလဲ သူသေချာမသိပေမဲ့ ဒီပြည့်ကျပ်နေတဲ့ အကို့အချိန်တွေ​ကြားမှာ သူ့အတွက်အချိန်လေး ပိုလျှံဖို့ မျော်လင့်ရင်း သူဟာ ညနေပိုင်း​တွေမှာအကို့ကိုမျော်နေခဲ့ပါတယ်...
ဒါပေမဲ့ တစ်ပါတ်ကျော်တဲ့​ကြာအထိ ရောက်မလာခဲ့...

အကို့ကိုစက်ဘီးငှားပေးလိုက်ပြီး နောက်နေ့မနက်မှာ သူ့ခြံဝန်းနံရံမှာ မှီလျှက်သားလေးရှိနေတဲ့စက်ဘီးဟာ မနက်အစောကြီး အိမ်ပြန်ရောက်လာခဲ့ပုံပဲ...
အဲ့ဒီနေ့ကတည်းကစလို့ အကို့ကိုတွေ့ဆုံခွင့်ဟာ ကျောင်းကယာယီဆရာအနေနဲ့သာ...

"ဒီမှာဒါက ဒီလိုအသံထွက်ရတာ..... Whistle.. ဝင်စတယ် မဟုတ်ဘူး ဝစ်စယ်လ်.."

"ဝင်စယ်.."

"ဝစ်စယ်လ်..."

"ဝစ်စ... အား.. တခြားဘာသာလုပ်လို့မရဘူးလား.. ငါအဂ်လိပ်ကို တကယ်မကြိုက်ဘူး.. "

"ရဲရဲပြောလေ.. တခြားဘာသာတွေက ရ​သေးတယ်... နင်အဂ်လိပ်စာပဲ အရမ်းအားနည်းနေတာ... vocabulary ​လောက်တော့ရရမှာပေါ့"

"အာ... ခက်တယ်လို့.."

"ရအောင်ပြော.. ဒါလေးတောင်မရရင် နင်ဘယ်လိုလုပ် နိုင်ငံကိုယ်စားပြု ကစားသမားဖြစ်မှာလဲ.."

"ဟ ဘောလုံးကန်တာ အဂ်လိပ်စာနဲ့ ဘာဆိုင်လို့လဲ... စာမေးပွဲအောင်ရင် ရပြီပေါ့လို့..."

"ဘာလို့မဆိုင်ရမှာလဲ...နင်ဒါတွေမပီရင် လေ့ကျင့်ဖို့မသွားရဘူး.. "

ဒီနေ့အတန်းချိန်က ဝင်မဲ့ဆရာမရှိပဲအားလပ်နေတာမို့ အတန်းခေါင်းဆောင်ကပဲ ကိုယ်စား ​ကြည့်ပေးနေရတဲ့အနေအထားဖြစ်နေတယ်။
လျန်ချိုးဟွာနဲ့ရှင်းယီကတော့ ခင်သွားတဲ့နောက်ပိုင်း တစ်ကျက်ကျက်ရယ်...
သူကတော့ ဘယ်နေရာမှဝင်မပါတဲ့ ဘေးလူ..

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now