Ep. 1

2.1K 117 7
                                    

Unicode;

"ရာသီဥတုက ဒီနေ့လည်း ခပ်နွေးနွေးပဲ...
ဒါပေမဲ့သူကတော့ ဆွယ်တာခပ်ထူထူနဲ့အတူအိပ်ရာနိုးရတယ်။
နှာခေါင်းထဲ ကော်ဖီနံ့သင်းသင်းရတယ်။
အကိုတစ်ယောက် အလုပ်ရှုပ်နေပြီထင်ရဲ့...
ကုတင်ပေါ်ကဆင်းတော့ ဝတ်ထားတဲ့ညအိပ်ဘောင်းဘီက ခြေမျက်စိထိပုံနေအောင်ရှည်နေတာကို သတိထားမိတယ်။
အကို့အဝတ်တွေက သူဝတ်လိုက်ရင် အဲ့လိုအမြဲရှည်နေတက်တာပဲ..
ဒါကိုပဲ အကိုက သဘောတကျ ခဏခဏဝတ်ပေးတက်တာ...
ညက သူဘယ်အချိန်အိပ်ပျော်သွားပါလိမ့်...

အစိမ်းခပ်ဖျော့ဖျော့ အမွေးစွပ်ဖိနပ်ကလေးက ကုတင်ခြေရင်းမှအဆင်သင့်...
အကိုက သူ့ကိုလိုလေသေးမရှိအောင် ဂရုစိုက်တက်တာကို သူက သိပ်ကျေနပ်ရတာပဲ

မီးဖိုခန်းဆီဝင်သွားတော့ အကိုကထုံးစံအတိုင်း မနက်စာပြင်နေတယ်။
ကော်ဖီနံ့မွေးမွေးက စိတ်ကိုလန်းဆန်းစေရဲ့..
ထမင်းစားစားပွဲမှာထိုင်လိုက်တော့ သူ့ရှေ့ရောက်လာတာ ကော်ဖီတစ်ခွက်တော့မဟုတ်..
နွားနို့ပူပူတစ်ခွက်သာ...

"ဒီနေ့ရော အိပ်ရေးဝရဲ့လား..."

အကိုက သူ့ခေါင်းကို အသာအယာသပ်လို့ မေးတယ်။

"အများကြီး အိပ်ကောင်းပါတယ်"

အကိုက ပြုံးတယ်။
အကို့အပြုံးတွေက ဟိုအရင်တုန်းကအတိုင်းပဲ..
ချိုမြနေတုန်းပဲ.. သူ့ကို ရင်ခုန်စေတုန်းပါပဲ...
သူ့မှာ ဒီလူကို ချစ်လိုက်တာလေ...

သူတို့အိမ်လေးထဲမှာ သီချင်းသံလေးက တိုးဖျဖျပျံ့လွင့်နေတယ်။

' When you smile ~~ The whole world stops and stares for a while ~~  you're amazing ~~ Just the way you are ~~ '

.
.

ဆွတ်ပျံ့ဖွယ်ရာ အတိတ်တွေမှာ
ခင်ဗျားရှိတယ် ကျွန်တော်ရှိတယ်...
ပြီးတော့....

.
.

"အလင်းရဲ့ အမြန်နှုန်းနဲ့ပတ်သတ်ပြီး ၁၈၇၃ ခုနှစ်မှာ James Clerk Maxwell ဆိုတဲ့ သိပ္ပံပညာရှင်တစ်ဦးက အလင်းတွေက လျပ်စစ်သံလိုက်လှိုင်းတွေဖြစ်တယ်လို့ဆိုခဲ့ပြီး အလင်းရဲ့အမြန်နှုန်းက ၁စက္ကန့်ကို တစ်ရာရှစ်ဆယ့်ခြောက် ဒသမ သုည သုည သုည မိုင်နှုန်းနဲ့ မပြတ်ရွှေ့လျားတယ်လို့ အဆိုပြုခဲ့တယ်...... ဒါပေမဲ့ ကမ္ဘာကျော်သိပ္ပံသူပညာရှင် အဲလ်ဘတ် အိုင်းစတိုင်းကတော့ သူရဲ့ အဆိုပြုချက်ကို........"

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Donde viven las historias. Descúbrelo ahora