ep. 12

574 86 5
                                    

Unicode;

သွက်သွက်လက်လက် လှုပ်ရှားသွားတဲ့ နုတ်ခမ်းအောက်က မှဲ့နက်ဆီမှာ အမှတ်မရှိတဲ့ နှလုံးက ခုန်ချက်တွေကြိမ်နှုန်းစိပ်လာပြန်ပြီ...

အမှတ်ရှိသင့်ပြီ.. ဒီလူက သူ့ကိုကစားနေတာ...
ဒီလို စိတ်လှုပ်ရှားအောင်လုပ်ပြီးရင် ပစ်ပစ်ခါခါလှည့်ထွက်သွားဦးမှာ...
အက်ဆစ်ပျော့လို စကားလုံးပျော့ပျော့နဲ့ သူ့ကို လောင်းချပြီး နာကျင်အောင်လုပ်ဦးမှာ...
ပြီးရင် မသိသလိုအမူအရာနဲ့ အပြစ်ကင်းသလို ထပ်ပြီးဟန်ဆောင်ဦးမှာ...

"ဒီနေရာမှာရှိမှန်းဘယ်လိုသိပြီး ရောက်လာတာလဲ.."

"ရှင်းယီပြောတာ.."

ဒီကောင်ကတော့...
စိတ်ထဲကနေ ကြိတ်ပြီးမေတ္တာပို့လိုက်မိတယ်...

"ကျွန်တော် တစ်ယောက်တည်းနေချင်တယ်..."

"ရုပ်တရက်ကြီး ဘာဖြစ်သွားတာလဲ... မင်းကိုယ့်ကို ပြောစရာရှိနေတယ်မလား..."

ဒီလူဟာ သူ့စိတ်အခြေအနေကို တကယ်ပဲမသိတာလား..
တမင်ပဲ မသိသလိုနေနေပြန်တာလား...

"အကို့အတွက် .... ကျွန်တော်က ဘာလဲ.."

သူ့ အကို့ကို သေချာအကဲခတ်ကြည့်တယ်
အမူအရာက ပြောရမဲ့စကားကိုထိန်းပြီး ထပ်ပြီးတွက်ချက်နေပုံပဲ...

"ရပြီ.. မပြောနဲ့တော့.."

သူ့အကြည့်ကို ကွင်းပြင်ဘက်ကိုလှည့်လိုက်တယ်။
ဘယ်စကားလုံးက သူ့ကို အချိုသပ်လို့ရဦးမလဲဆိုတာကိုပဲ စဉ်းစားနေတာနေမှာ..
ကြားရတဲ့စကားက အဲ့တာတွေပဲ အက်ကြောင်းထပ်နေဦးမှာပဲ...
အလုပ်သဘောအရတို့... တာဝန်တွေလို့...

"စောနက နေ့လည်စာလည်း ကောင်းကောင်းမစားဘူးလေ.. ကိုယ် စိတ်ပူလို့..."

"စိတ်ပူတယ်??"

သူ ပြန်လှည့်ကြည့်လိုက်ပြီး

"ဘာအတွက်စိတ်ပူတာလဲ...
နေမကောင်းဖြစ်ပြီး စာမလုပ်နိုင်မှာစိတ်ပူတာလား... ကျွန်တော့အမှတ်တွေကျသွားရင် အကို ဂုဏ်သိက္ခာကျဆင်းမှာ စိတ်ပူတာလား... အကိုတာဝန်ယူထားတဲ့ကျွန်တော်က ရလဒ်တွေမကောင်းမှာ စိတ်ပူတာလား..."

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]حيث تعيش القصص. اكتشف الآن