ep.8

789 80 5
                                    

Unicode;

အကို...

အကိုက သူ့ဆီတစ်လှမ်းချင်းလျောက်လာတယ်။
အနားရောက်လာပြီး သူ့ဘေးနားထိုင်လိုက်တဲ့အထိ သူ့မှာကြောင်အနေတုန်း....

"ရောက်တာကြာနေပြီထင်တယ်...
ကိုယ်နောက်ကျသွားတယ်"

"...."

အကိုက ဘာလို့...
အမြင်မှားနေတာများလား...

"ကိုကို... ရုပ်ချောတဲ့ကိုကို"

"အာ ဟင်.."

ကလေးမလေးက သူ့ကိုခေါ်ရင်း လှမ်းဆွဲနေတာမို့ သူအာရုံတွေပြန်စုစည်းသွားတယ်..

"မေမေလှမ်းခေါ်နေလို့သွားရတော့မယ်.."

အာ... ဒီချစ်စရာလေးကို နုတ်ဆက်ရတော့မှာပဲ...

"အင်း.... ခွဲရတော့မှာပေါ့.."

"အွန်း.."

လှုပ်စိလှုပ်စိနဲ့ ခေါင်းငြိမ့်ပြနေသေးတာ..
သူပြုံးမိပြန်တယ်။

"​ဟုတ်ပါ​ပြီ... ဖြေးဖြေးသွားနော် ကလေးလေး... အဖော်လုပ်ပေးတာ ကျေးဇူးပဲသိလား..."

သူက High-five ပုံစံလုပ်ပြတော့ ကလေးမလေးက သူ့လက်ဝါးကို သွက်လက်စွာ ပြန်ရိုက်လိုက်ရင်း အနားကပ်လာတယ်။
ပြီးတော့ နားထဲတိုးဝင်လာတဲ့လေသံတိုးတိုးလေး..

"အဲ့ဒီလူကြီးကလေ ကိုကို့ကိုကြည့်ပြီးရယ်နေတာ အကြာကြီးပဲ.."

"...."

"တာ့တာ ကိုကို"

လက်ပြကာရယ်မောထွက်သွားတဲ့ကလေးမလေးက ဒီနေ့ရဲ့ လှပတဲ့အမှတ်တရလေး....

ဒါနဲ့ပြောသွားတဲ့စကားက ဘာတဲ့...

အကိုက သူ့ကိုကြည့်ပြီး ရယ်နေတာအကြာကြီးဆိုပဲ... မဖြစ်နိုင်တာ...

ကလေးအမြင်မှားတာနေမှာ...

သူ့အာရုံကို အကို့ဆီပြန်ပို့လွတ်တော့ ဝင်ရောက်လာတဲ့အသိစိတ်ကတစ်ဆင့် ရင်ဘတ်ကတစ်လှုပ်လှုပ်ခုန်လာရဲ့...

အကိုက လိုက်လာတယ်တဲ့လား...
ရုပ်တရက်ဝင်ရောက်လာတဲ့ ပျော်ရွှင်မှုက ခန္ဓာကိုယ်အနှံ့စီးဆင်းသွားတယ်။
မရယ်​ပြုံးမိအောင်တော့ထိန်းပါတယ်..
ဒါပေမဲ့...

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now