ep. 3

710 77 1
                                    

Unicode;

အကိုက စာသိပ်တော်တဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်...
ဒါပေမဲ့ မိသားစုစီးပွားရေးသိပ်မချောင်လည်တာကြောင့် ကိုယ့်အားကိုယ်ကိုးလို့ ကျောင်းတက်နေရသူဖြစ်တယ်။
ဒီအချက်ကပဲ ဒီလိုအနားမှာ သူ့ရဲ့အချိန်ပိုင်းဆရာအဖြစ် မြင်နေရခြင်းပင်...

"အကို"

စာစစ်နေတဲ့အကို့ဘေးနား ချောကလက်ဝေဖာလေးထိုးပေးလိုက်တယ်။

အကိုက snack လေးတွေကြိုက်တက်တာမို့ သူကအကောင်းဆုံးဆိုတဲ့ မုန့်တွေကိုအမြဲဖြည့်ထားဖြစ်တယ်။

အကိုမုန့်စားရင် ချစ်စရာလေး...
ယုန်ကလေးလိုမျိုး တစ်မြုံ့မြုံ့နဲ့ နည်းနည်းချင်းစီဖဲ့စားတာ...
ဒီလိုအချိန်ဆို သူ့မှာ ငေးကြည့်ရင်း သဘောကျလို့မဆုံးဘူး..

အကိုကပြုံးလို့ သူပေးတဲ့မုန့်ကို လွယ်အိတ်ထဲယူထည့်လိုက်တယ်။

"ခဏနေမှ"

တကယ်တော့ သူပေးတဲ့မုန့်ကို တစ်ကြိမ်မှသူ့ရှေ့မှာစားတာ မမြင်ဖူးဘူး...
အမြဲတော့ အိတ်ထဲ ထည့်သွားတက်တယ်...

အကိုက မာနသိပ်ကြီးတာ...
အမြဲတမ်းအပြုံးတစ်ခုနဲ့ အတွင်းစိတ်ကိုခန့်မှန်းလို့မရအောင် နေထိုင်တက်တယ်။
လူတွေနဲ့တရင်းတနှီးပြောဆိုဆက်ဆံတက်​ပေမဲ့ တစ်ဖက်ကလည်း စည်းတစ်ခုကန့်သတ်ထားသလိုမျိုး...
ဘယ်တော့မှ တစ်စုံတစ်ယောက်စီအကူအညီတောင်းတာမမြင်ခဲ့ဖူးသလို ဘယ်အရာကိုမှ အလွယ်တကူလက်ခံယူလေ့မရှိဘူး...

အမြဲတိကျပြီးလက်တွေ့ကျကျတွေးခေါ်တက်တဲ့အကိုက သူ့အတွက်တော့ သိပ်ကိုထူးခြားဆန်းကြယ်တယ်။
မျက်တောင်တစ်ချက်အခတ်မှာ လှုပ်ခတ်သွားတဲ့ မျက်အိမ်အစ နုတ်ခမ်းအောင်က မှဲ့စက်ရဲ့လှုပ်ရှားမှုအထိ တကယ့်ကိုပဟေဠိဆန်လွန်းတာ...

"Good job ဝမ်ရိပေါ်... ဒီအခြေအနေသာဆို ဘာမှစိတ်ပူစရာမလိုတော့ဘူး..."

ဒီတစ်ခါ အဖြေလွာအပေါ် အကို့ရဲ့ကျေနပ်အားရမှုက မျက်ဝန်းတွေပါလိုက်ပြုံးတဲ့အထိ...

"ဟုတ်.. အကို့ကျေးဇူးတွေပါ..."

"ကိုယ်ပြောသားပဲ မင်းကဉာဏ်ကောင်းပြီးသား...သေချာအားစိုက်ထုတ်ရင် အားလုံးလုပ်နိုင်မှာပါလို့..."

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now