ep. 22

690 115 5
                                    

Unicode;

"အား..."

မျက်လုံးဖွင့်လိုက်ချိန်မှာ ခေါင်းတစ်ခုလုံးပြာဝေလို့ မျက်နှာကျက်ဟာလည်နေတုန်း...
ထိုးအန်ရလွန်းလို့ လည်ချောင်းတွေခြောက်ပြီး ဝမ်းဗိုက်ဟာ နာကျင်မှုတစ်ဖက်ဆာလောင်မှုတစ်ဖက်နဲ့မို့ တစ်ခုခုစားဖို့လိုလာပြီဆိုတဲ့စိတ်နဲ့ထထိုင်လိုက်ပေမဲ့ ယိုင်ကာမူးဝေနေတယ်။
ကုတင်ဘေးမှာ ဆိုဂျူပုလင်းနှစ်လုံးဟာ အခွံလွတ်...

သူပက်လက်ပြန်လှဲချလိုက်ပြီး ညကအကြောင်းတွေပြန်စဥ်းစားတယ်။
အရက်သုံးခွက်သောက်ပြီး မူးနေပြီဖြစ်တဲ့သူဟာ အသိစိတ်တော့ ရှိသေးတာမို့ သူ့ကိုတွဲခေါ်လာတဲ့အမျိုးသမီးဆီကရှောင်ထွက်လာပြီး ဘားအပြင်ထွက် သူ့ဘာသာတက္ကစီငှားပြီးအိမ်ပြန်လာတာဖြစ်တယ်...
​ပြီးတော့ တိုက်အောက်ထပ်က mini store မှာ ဆိုဂျူထပ်ဝယ်ပြီးအိမ်မှာဆက်သောက်တယ်...
နောက်ဘာဆက်ဖြစ်သေးလဲ..
ဒီအတိုင်းအိပ်ပျော်သွားခဲ့တာလား...

"အား.. ခေါင်းကိုက်လိုက်တာ..."

ဖုန်းယူကြည့်လိုက်တော့ ဟောက်ရွမ်းကို ခေါ်ထားပြောထားတဲ့ တန်းစီနေတဲ့ ဖုန်းcall တွေ...
ပြီးတော့ များပြားသော အကို့ရဲ့ အဝင်call တွေ...
message တွေ...

9:23 pm

*ရိပေါ်... အဆင်ပြေရဲ့လား... ကိုယ်မင်းကိုစိတ်ပူလွန်းလို့... တစ်နေ့လည်လုံးဆက်သွယ်လို့လည်းမရဘူး... မင်းဘယ်တွေလျောက်သွားနေတာလဲ... ကိုယ့်ကို ​ပြန်ဆက်သွယ်ပါဦး...*

11:05pm

*ရိပေါ်... ကိုယ်ဘယ်လိုမှနေလို့မရဘူး... မင်းဘယ်ရောက်နေတာလဲ... ဖုန်းကိုင်ပါဦး...*

*ကိုယ်တောင်းပန်ပါတယ်နော်... ဘာမှလျောက်မလုပ်ပါနဲ့...*

ည11:44 မှာ သူ အကို့ဖုန်းကို သူကိုင်လိုက်ပြီး ကြာချိန်က တစ်နာရီနီးပါး..

ဘယ်လိုတွေဖြစ်ကုန်တာလဲ... သူမမှတ်မိပါလား...

နာရီကြည့်လိုက်တော့ ညနေတစ်နာရီခန့်ပင်ရှိနေပြီ...
ဒီအချိန်ဆို အကို့ဘက်မှာနေထွက်လောက်ပြီ...
အကို အိပ်ရာထလောက်ပြီလား... ဒါမှမဟုတ် အလုပ်များနေလောက်လား...

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now