ep. 27

806 82 8
                                    

Unicode;

ဆေးရုံခန်းတစ်ခုရဲ့ လူနာကုတင်ထက် ငြိမ်သက်စွာ လှဲလျောင်းနေတဲ့ အမျိုးသားလေး...
နဂိုအသားဖြူတဲ့ကလေးက ပိုလို့တောင်ဖြူဖျော့လို့ အားလျော့နေလိုက်တာ...
မလိုက်ဖက်လိုက်တာကွယ်... ဘာအတွက် ဒီနေရာမှာ ရှိနေရသလဲ....

သတင်းရရချင်းအပြေးလိုက်လာခဲ့ပေမဲ့ သူ့ရဲ့အသက်ကလေးက အခုထိသတိမရသေး...
လက်ကလေးကို အသာအယာကိုင်တွယ်လို့ လက်ဖမိုးဆီ နှုတ်ခမ်းဖြင့်အသာအယာထိကပ်ရင်း အားလုံးအဆင်ပြေနေမှာပါလို့ တိုင်တည်မိတယ်....

"မူမမှန်ဆဲလ်တွေကိုတွေ့နေရပြီး သွေးဆဲလ်တွေကိုထုတ်လုပ်ပေးတဲ့ရိုးတွင်ချဥ်ဆီဟာ အများအပြား ပျက်ဆီးနေပါပြီ.. သွေးနီဥနည်းပြီး သွေးဖြူဥတွေပမာဏအတော်များနေတယ်... ဒါက... "

ဆရာဝန်က ဆက်မပြောသေးပဲ သူ့အခြေအနေကိုကြည့်တယ်...

ရိုးတွင်းချဥ်ဆီဆိုရင်.....
ရှောင်းကျန့်အသိအာရုံတွေ ထုံထိုင်းသွားတယ်...
မဖြစ်နိုင်တာ....

"သူက ကျမ်းမာရေးချူချာတဲ့ထဲမပါပါဘူး... အားကစားလည်းလုပ်ပြီး... အမြဲတက်ကြွနေတဲ့ကောင်လေးပါ..."

"မြန်မြန်ဆန်ဆန်ကုသမှုကိုစလိုက်ရင်တော့ ရလဒ်ကောင်းတွေရှိပါတယ်... ဒီခေါတ်မှာ ဆေးဝါးတွေလည်းအဆင့်မြင့်လာပြီး ကုသနိုင်တဲ့နည်းလမ်းတွေများတာမို့...."

သူမယုံနိုင်စွာ ပြုံးမိလိုက်တယ်...

"တစ်ခုခုမှားနေတာနေမှာပါ... သူက ဒီရက်တွေမှာ အရမ်းအလုပ်ကြိုးစားနေတာ... အချိန်မလောက်ဘူးဆို​ပြီး နေ့ညမအိပ်ပဲဆက်တိုက်လုပ်နေလို့တောင် ကျွန်တော် လိုက်ကြည့်နေခဲ့တာ.... သူပင်ပန်းလွန်းတာကြောင့် လဲကျသွားရုံပဲနေမှာပါ.... ဆရာ့တို့ဘက်က ပြန်စစ်ဆေးကြည့်​ပေးပါဦး..."

သူ့ရှေ့က ဒေါက်တာလျှိုက သူ့ကိုမမှိတ်မသုံသာကြည့်လို့နေတယ်....

"ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..."

"လက်ခံဖို့ခက်တယ်ဆိုတာ နားလည်ပေမဲ့ ကျွန်တော်တို့ အတည်ပြုပြီးပါပြီ... သွေးကင်ဆာပါ... သေချာပါတယ် "

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now