ep. 30 Final

1.3K 82 9
                                    

Unicode;

သူ့ခေါင်းပေါ်ဖြေးလျှစွာရွေ့လျားနေတဲ့ ဆံပင်ရိတ်စက်အသံက ကြိမ်နှုန်းကျကျ..
ကြမ်းပြင်ပေါ်သက်ဆင်းသွားတဲ့ဒီဆံပင်တွေဟာ အကိုသိပ်သဘောတကျ တိုးဖွနမ်းရှိုက်တက်တဲ့အရာတွေရယ်ပါ...
အခုတော့ သူ့ခေါင်းဟာပြောင်ရှင်းလို့ အကိုသဘောကျတဲ့ဆံသားတွေမရှိတော့ဘူး...
ဆံပင်ညှပ်ရတုန်းကနဲ့ ခံစားချက်လုံးဝမတူဘူး..
ဒါက သူ့ရောဂါရဲ့ သိသာထင်ရှားလာတဲ့ သွင်ပြင်တစ်ခုဖြစ်တာမို့...

အကိုက ပိုင်ဆိုင်မှုအားလုံးသုံးပြီး သူ့အသက်ကိုမရမကဆွဲဆန့်နေရတာကို သူသိပ်ပြီးစိတ်မကောင်းဖြစ်တာပဲ..
အကိုပင်ပန်းတာသိနေပေမဲ့ အကို့ကိုထားပြီးထွက်မသွားချင်တဲ့စိတ်ကြောင့် နာကျင်လည်း သူခံနိုင်​အောင်ခံတယ်...
ပင်ပန်းရလည်း ဖြစ်တယ်...
သူ့ခန္ဓာကိုယ်ပေါ်အပ်ရာတွေ ဓားရာတွေအကြိမ်ကြိမ်တင်လာလည်း သူအားတင်းထားပါတယ်...

ဒါပေမဲ့..

ဝမ်းနည်းလိုက်တာ... ငိုချင်လိုက်တာ...

ဘာလို့သူမှလဲ...
ဘာလို့ သူတို့ဆီမှာမှ ဒီလိုတွေဖြစ်နေရတာလဲ...
သူက ဆိုးသွမ်းတဲ့သူလည်းမဟုတ်ပါပဲနဲ့ ကောင်းကင်က ဘာလို့ဒီလိုအပြစ်ကိုခံယူခိုင်းရသလဲ...
အခုမှ သူတို့ပျော်ရွှင်နိုင်တုန်းရှိသေးတယ်လေ...
အခုမှ အကို့ကိုပိုင်ဆိုင်ရတာ ကြာတောင်မကြာသေးပဲလေ....
သူရည်ရွယ်ထားတာတွေရှိသေးတယ်..
အကိုနဲ့အတူ လုပ်ချင်တဲ့အရာတွေအများကြီးကျန်သေးတယ်...
လောကကြီးကနေထွက်ခွာဖို့ သူ့အတွက် သိပ်စောနေသေးတယ်လေ...

"မင်းက ဒီလိုလေးလည်း သိပ်ကြည့်ကောင်းတုန်းပဲ.."

အကို့ရဲ့အနမ်းနွေးနွေးက သူ့ရဲ့ဆံသားမရှိတော့တဲ့ခေါင်းပေါ်သုံးလေးဆင့်ဆက်၍ကျရောက်လာတယ်...
သူ့ရှေ့ကမှန်ထဲမှာတော့ ကတုံးပြောင်နဲ့ ဖြူဖျော့ဖျော့လူငယ်လေးကို လူတစ်ယောက်ကနောက်ကနေတင်းကျပ်စွာပွေ့ဖက်ထားရဲ့...

ဒါတွေကြောင့်ပေါ့...
ဒီလိုတွေကြောင့် သူဘယ်လိုမှစိတ်မချနိုင်တာ...
ဘယ်လိုစိတ်နဲ့ ချန်ခဲ့နိုင်ပါ့မလဲ....

"ကျွန်တော် ရုပ်ဆိုးတယ်.."

ပွေ့ဖက်ထားတာဖြေ​​လျော့လိုက်တဲ့အကိုဟာ သူ့ရှေ့ကို ဒူးတစ်ဖက်ထောက်ထိုင်ချလို့ရောက်ရှိလာတယ်...
သူ့လက်ဟာလည်း အကို့လက်နွေးနွေးရဲ့ ဆုပ်ကိုင်မှုအောက်ရောက်သွားတယ်...

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]حيث تعيش القصص. اكتشف الآن