ep. 23

754 105 6
                                    

Unicode;

တိတ်ဆိတ်ငြိမ်သက်နေတဲ့မြို့...
မော်တော်ကားသံ ဆိုင်ကယ်သံတွေကျယ်လောင်တာမျိုးမရှိဘူး...
စျေးကြီးတဲ့ Taxi အနည်းငယ်.. အသံမထွက်တဲ့လျပ်စစ်ရထားငယ်တွေ တိတ်ဆိတ်တဲ့ အများသုံးယာဥ်တွေ.. စက်ဘီးတွေနဲ့ လမ်းတိုင်းနီးပါးမှာ ခြေလျင်လျောက်နေကြတဲ့ အေးချမ်းတဲ့လူတွေပဲရှိတယ်...

ဒီတိုက်ခန်းလေးထဲမှာနေထိုင်တဲ့အကို့ရဲ့ဘဝဟာ ဘယ်လောက်တောင်တိတ်ဆိတ်ပြီးအေးချမ်းသလဲ...
စာကြည့်စားပွဲတစ်ဝှိုက်က နံရံဟာစာအုပ်တွေအပြည့်အနှက်ဖြစ်ပြီး စားပွဲပေါ်မှာလည်း စာရွက်တွေအထပ်လိုက်...
ညီညာရှင်းလင်းနေတဲ့မီးဖိုချောင်သုံးပစ္စည်းတွေ... ပြန့်ပြူးနေတဲ့အကို့ရဲ့အိပ်ရာနဲ့ သပ်သပ်ရပ်ရပ်အစီအရီရှိနေတဲ့ အဝတ်ဗီရိုကအဝတ်တွေ...

ဖုန်းထဲကနေ သူ့ရဲ့အသက်ရှုသံကို နားထောင်နေနိုင်တဲ့အကို့ကို မြင်ယောင်မိတယ်...

"အရမ်းအထီးကျန်မှာပဲ..."

သူ ဒီလိုမနေနိုင်ဘူး...

ထမင်းစားစားပွဲပေါ်မှာ အကိုချက်ပေးခဲ့တဲ့အစားအသောက်တွေရှိတယ်... ပန်ကိတ်ရယ်... အာလူးရယ် ချိစ်ဆော့ရယ် အသီးဖျော်ရည်တစ်ခွက်ရယ်...
ဒီကအစားအသောက်တွေက အသားမကျပေမဲ့ အဆင်ပြေပါတယ်...
အစားစားပြီး သူ့မှာလုပ်စရာမရှိတော့ဘူး...

TV ဖွင့်ကြည့်တော့ လာသမျှလိုင်းဟာသူနားမလည်တဲ့ဘာသာစကားတွေနဲ့ ရုပ်သံလိုင်းတွေဖြစ်ပြီး Music player သုံးဖို့ရာကျတော့လည်း သူနားထောင်တက်တဲ့ သီချင်း​အမျိုးအစား​ခွေတွေမရှိ... ဂိမ်းစက်ဆိုတာ ဝေလာဝေး..
အင်တာနက်လည်း သုံးချင်စိတ်မရှိတာမို့ အကို့စာအုပ်တွေကိုပဲမွှေရမလား....

နောက်ဆုံးတော့ အကို့အိပ်ခန်းထဲပဲရောက်သွားပြီးအဝတ်ဗီရိုဖွင့်လို့ အကို့အဝတ်တွေကိုတစ်ထည်ပြီးတစ်ထည်ထုတ်ကာ မွေးကြူတယ်...
အကို့ရဲ့အနံအသက်တွေ...
ပြန့်ပြူးနေတဲ့အိပ်ရာပေါ်တက်လို့ စောင်တွေအိပ်ရာခင်းတွေကို လုံးကြေနေအောင်လိမ့်လို့ တိုးဝှေ့ကစားတယ်...
ဒီနေရာက အကိုအမြဲရှိတဲ့အငွေ့အသက်တွေပေါ့...
သဘောကျလိုက်တာ...

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now