ep.6

760 92 2
                                    

Unicode;

အခန်းထဲရောက်တာနဲ့ ကုတင်ပေါ်​ခြေပစ်လက်ပစ် ပစ် လှဲပစ်လိုက်တယ်။
ပင်ပန်းနွယ်နယ်နေတဲ့အနေအထားက သူဒီနေ့အများကြီးလှုပ်လှုပ်ရှားရှားသွားလာထားတာကို သက်သေပြလို့နေတယ်။
တစ်ကျောင်းလုံးနီးပါးခြေတိုအောင်လျောက်လိုက်ရတာပေါ့..
ရှင်းယီက ကျောင်းအားကစားကလပ်မှာပါဝင်ဖို့  ကျောင်းသားတွေကိုမဲလိုက်ဆွယ်တဲ့ထဲ သူ့ကိုဆွဲခေါ်သွားတာကြောင့်...

သူ့ဘေးက ကျောပိုးအိတ်ကိုဆွဲယူလို့ အထဲကပစ္စည်းတစ်ချို့ကိုဆွဲထုတ်လိုက်တယ်။
လက်ထဲပါလာတဲ့ ကျောင်းကလပ်​တွေရဲ့ လက်ကမ်းစာစောင်တွေက အရောင်အမျိုးမျိုး...
သူ့ကိုလည်း ပါဝင်ဖို့လာကမ်းလှမ်းထားတဲ့ ကလပ်တွေ လေးငါးဖွဲ့ရှိတယ်။

လက်ကမ်းစာရွက်တွေကို အရှေ့မှာတန်းစီချလို့ ပြန်ကြည့်တယ်။
တစ်စောင်ကိုအရောင်တစ်မျိုးနဲ့ မက်လုံးကလည်းတစ်မျိုးစီ..
သူစိတ်ဝင်စားတဲ့ သုံးခုကိုဆွဲထုတ်လိုက်တယ်။
ဂီတကလပ်၊ အကကလပ် နဲ့ ဗီဒီယိုဂိမ်းကလပ်...

ဂီတကလပ်ကတော့ အတော်လေးကိုက်ညီသလိုပဲ.. သီချင်းတွေနှစ်သက်တဲ့သူက သီချင်း​တွေကို ကိုယ်တိုင်ဖန်တီးချင်တာ..
တူရိယာတွေတီးခတ်ဖို့နဲ့ သီချင်းဆိုဖို့ကတော့ သေချာသင်ယူပြီး ပြန်လေ့ကျင့်ဖို့လိုဦးမယ်။

ဗီဒီယိုဂိမ်းတွေကိုလည်း သူကြိုက်တာပဲ...
ဂိမ်းပရိုဂရမ်ပိုင်းကို​တော့ လေ့လာကြည့်ချင်တယ်...
စာစိတ်မဝင်စားတဲ့သူ့အတွက် ဒီပရိုဂရမ်ပိုင်းတွေက ခက်ခဲနေမလား...

အကကလည်း သူအတော်လေးသဘောကျတဲ့ ပညာရပ်ထဲပါတယ်။ သင်လည်း သင်ယူချင်တယ်။
ဒါပေမဲ့ အရမ်းပြင်းထန်အောင်လှုပ်ရှားလို့မဖြစ်တဲ့သူ့ကျမ်းမာရေးကြောင့် အကကလပ်တော့ စဥ်းစားရဦးမယ်။

တကယ့်ကို ဝေခွဲမရဖြစ်နေတုန်းပဲ...

"ဘာလုပ်နေတာလဲ.."

အခန်းထဲဝင်လာတဲ့အကိုက သူ့ရှေ့က လက်ကမ်းစာရွက်တွေကိုငုံ့ကြည့်တယ်။

"ဘယ်ကလပ်မှမဝင်ရသေးဘူးလား... မဆုံးဖြတ်ရသေးဘူးလား"

"ဟုတ်တယ်... ဖြစ်ချင်တာတွေများသလိုနဲ့ တကယ်ကျ ဘာဖြစ်ချင်မှန်းမသိတော့ဘူး..."

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now