ep. 9

583 76 5
                                    


ပြင်းရှပူနွေးတဲ့ နေရောင်က ကျောင်းဝန်းတစ်ခုလုံးကို ဖြန့်ကျက်လို့နေတယ်။
လေညှင်း တစ်သုန်သုန်တိုက်ခတ်လို့ သစ်ပင်ဖျားက သစ်ရွက်တွေ လှုပ်ခတ်သွားတယ်...
နေ့လည်ခင်းအတန်းနားချိန်ဆိုတော့ ကျောင်းကန်တင်းနဲ့ ကျောင်းဝန်းထဲ စည်ကားလို့နေရဲ့..
ဥပဟိုဒီ သွားလာနေတဲ့ ကျောင်းသား ကျောင်းသူတွေကတော့ ကျောင်းကြီးရဲ့ ပြယုဒ်ပေါ့လေ...

ဒီရက်ပိုင်း အတန်းနားချိန်တွေဆိုရင် တစ်ယောက်တည်း အေးဆေးနေရင်း ကျောင်းဝန်းထဲက မြင်ကွင်းတစ်ချို့ကို ဓာတ်ပုံ​​လျှောက်ရိုက်နေရတာကို သူသဘောကျနေတယ်။

သူရိုက်ခဲ့တဲ့ပုံတွေကတော့ ရိုးရိုးရှင်းရှင်းပါပဲ..

ဘတ်စကတ်ဘောတိုင်ပေါ်မှာ နားနေတဲ့ ခိုတစ်ကောင်....
ပိုင်ရှင်ဘယ်သူမှန်းမသိတော့တဲ့ ခုံတန်းအမြင့်ပေါ်က သောက်လက်စရေသန့်ဘူး...
မလှမ်းမကမ်းကသစ်ကိုင်းမှာ တစ်ယောက်ယောက်ချည်ထားခဲ့တဲ့ အနီရောင်ဖဲကြိုးတစ်ခု...

ဘယ်သူမှသတိမထားမိတဲ့ အရာသေးသေးလေးတွေပါပဲ...
ဒီလိုစိတ်ဝင်စားဖို့မကောင်းတဲ့ ဒီအရာသေးသေးလေးတွေကို အလေးထားပြီး ပုံသွင်းဖြစ်တော့ ကင်မရာထဲမှာကျ စိတ်ဝင်စားဖို့ကောင်းနေပြန်ရောပဲ...
ဒီလိုအချိန်တွေဆိုရင် သူ့ဘေးနားတစ်ရက်တာအဖော်ပြုပေးခဲ့တဲ့လူရဲ့နွေးထွေးမှုကို ပြန်အမှတ်ရစေရဲ့...

"ဟေး.. ဝမ်ရိပေါ်"

ကင်မရာဆီ အာရုံဝင်စားနေတာမို့ သူ့အနားကို လျန်ချိုးဟွာတစ်ယောက် ရောက်လာတာ မသိလိုက်...
မော့ကြည့်မိတော့ သူမက ပြုံးလို့ သူ့ကိုရေခဲမုန့်တစ်ခုကမ်းပေးလာတယ်။

သူကြိုက်တဲ့ဒူးရင်းအရသာ...

"...."

"ငါဝယ်ကျွေးတာ"

"အာ...."

သူ သိပ်စဥ်းစားစရာမလိုပဲ လှမ်းယူလိုက်တယ်။

"ကျေးဇူး"

သူနဲ့ လျန်ချိုးဟွာက ဓာတ်ပုံအဖွဲ့ဝင်ပြီးနောက်ပိုင်း အတော်အတန်​တော့ ရင်းနှီးနေပါပြီ...
တစ်ခါတစ်လေ နေ့လည်စာအတူစားဖြစ်တယ်။
တစ်ခါတစ်လေမှာ သူမရဲ့ ကျောင်းကိစ္စလေးတွေ ကူညီပေးဖြစ်လို့ အခု ရေခဲမုန့်ဝယ်ကျွေးတာ ဖြစ်နိုင်တယ်။

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now