ep. 18

770 89 6
                                    

Unicode;

ဝမ်ရိပေါ်က အခြေအနေတစ်ခုမှာရင်းနှီးကျွမ်းဝင်သွားပြီဆိုရင် ချစ်စရာအပြုအမူလေးတွေလုပ်လာတက်တယ်။
ဥပမာ နုတ်ခမ်းကိုစူထော်ထော်လုပ်တာမျိုး၊ မျက်ပေတုံးကြီးနဲ့ ပေစောင်းစောင်းကြည့်တာမျိုး၊ ထူးခြားတာများတွေ့ရင် အရမ်းအံ့သြသလိုဟန်လုပ်ပြီး wow wow ဆိုပြီး လုပ်တက်တာမျိုးတွေပေါ့...

"ဓာတ်ပုံရိုက်ပေး အကို.."

ပန်းခြံထဲက မျောက်ဝံပုံကျောက်ရုပ်ထုဘေးမှာရပ်ပြီးပေးတဲ့ပိုစ့်က မရယ်မပြုံးနဲ့ လက်နှစ်ချောင်းထောင်ပိုစ့်..

သူခိုးပြုံးလိုက်ပြီး ဓာတ်ပုံရိုက်ပေးတယ်။

"ရ​ပြီ နောက်တစ်မျိုး..."

နောက်တစ်မျိုးက..

ခြေနှစ်လှမ်းလောက်ရွှေ့လိုက်ပြီး ညာဘက်လက်ကနေ ဘယ်ဘက်လက်ကိုပြောင်းထောင်တယ်..

"အဲ.."

ဝမ်ရိပေါ်ဟာ ဒါက အတော်ကွဲပြားတဲ့ပုံစံလို့ထင်နေပုံပဲ..
တကယ်ခပ်တည်တည်ကိုပို့စ့်ပေးနေတာ...

"လက်ထောင်တာ မဟုတ်ပဲ တခြားတစ်မျိုး လုပ်ကြည့်ပါလား... ဝမ်ရိပေါ်ပုံကြည့်ရတာ မပျော်နေသလိုပဲ.."

ရိပေါ်က သူ့ကို ပေစောင်းစောင်းနဲ့ကြည့်လာတယ်။

"ဒါဆိုဒီလိုလုပ်ရမှာလား"

ခြေထောက်နှစ်ဖက်ကိုကွေးကာ လက်ကိုမြောက်လိုက်ပြီး ဘေးကမျောက်ဝံရုပ်ထုပုံစံအတိုင်း လုပ်ပြလာရဲ့...

"ဝိုး"

သူ မနေနိုင်အောင် သဘောတကျရယ်မိတော့တာပဲ...

"ဟုတ်တယ် ဟုတ်တယ်... ချစ်ဖို့ကောင်းတယ်"

"ဘာချစ်ဖို့ကောင်းတာလဲ... မဟုတ်ပါဘူး..."

"တကယ်ပါဆို.."

နုတ်ကသာငြင်းနေပေမဲ့ ပြုံးရွှင်သွားတဲ့မျက်နှာလေးက သဘောကျကြောင်း ဖော်ပြလို့နေတာပဲ...

"ချစ်ဖို့ကောင်းတယ်.."

ကင်မရာထဲက ရိပေါ်ပုံကိုပြန်ကြည့်ရင်း သဘောကျနေမိတယ်။
ရိပေါ်က ဓာတ်ပုံထဲမှာလည်း ချစ်ဖို့ကောင်းတယ်။
ဓာတ်ပုံထဲမှာဆို ပါးဖောင်းဖောင်းလေးက ပိုသိသာပြီး ကလေးငယ်နဲ့ပိုတူတယ်။

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now