ep. 14

623 85 7
                                    

Unicode;

"ရည်းစား....  မထားပါနဲ့...."

သူ့လက်မောင်းကို ဆွဲထားတဲ့ အကို့လက်တွေက တင်းကျပ်နေတာမဟုတ်သလို လျော့ရဲနေတာလည်းမဟုတ်ဘူး...
ဒီအတိုင်း ဆုပ်ကိုင်ထားရုံ...

"ရည်းစားလား.."

"...."

"ဘာလို့လဲ.."

မျက်လုံးတွေကတော့ နားလည်ရခက်တဲ့အရောင်တွေ ထင်ဟပ်နေတယ်။

"ကိုယ်.... မင်းကို .....တခြားအတွေးတွေမဝင်စေချင်ဘူး..."

အကိုက သူ့ရဲ့တစ်ဖက်သတ်ရူးသွပ်မှုတွေကို နည်းအမျိုးမျိုးနဲ့ လာလာစမ်းသပ်နေသလိုပဲ...
အစဖော်ပြီးသွားရင် အဆုံးမှာ ဘယ်တော့မှမပြောင်းလဲတဲ့အရာက အကို့ရဲ့ ဒီစကားလုံးတွေပဲ...

"အရေးမကြီးတာတွေမစဉ်းစားနဲ့... မလိုအပ်တာတွေ ဦးစားမပေးနဲ့... အဲ့လိုပဲ ဆုံးမဦးမလို့မလား..."

"..."

အကို့လက်တွေလျော့ရဲသွားကာ မျက်တောင်တစ်ဖျတ်ဖျတ်ခတ်တယ်။

"အင်း..."

အဲ့ဒီလက်တွေကို သူ ဖယ်ချလိုက်တယ်။

"အကို ကျွန်တော့်အပေါ်စိတ်ဝင်စားမှုမရှိရင် ဒီရှေ့လျောက် ကျွန်တော်နဲ့ပတ်သတ်ပြီး ဘာကိုမှစိတ်မဝင်စားတော့ရင်ကောင်းမှာပဲ... "

"ရိပေါ်.."

"ကျွန်တော်အခု ဆုံးဖြတ်ချက်ချပြီးသွားပြီမို့လို့.. အကိုနဲ့လည်း ဒီလောက်ပဲ စိတ်ဖြတ်လိုက်ချင်တော့တယ်... ကျွန်တော့်ကို အထင်မှားအောင်မလုပ်ပါနဲ့တော့လား... "

လူတစ်ယောက်ကိုချစ်မိသွားဖို့ လွယ်ကူပေမဲ့ အချိန်အကြာကြီးချစ်နိုင်ဖို့ကတော့ ခက်ခဲတယ်တဲ့...
ဟုတ်ပါတယ်။
သူဟာ ဒီလူကို ခက်ခက်ခဲခဲချစ်နေရပါတယ်။
အကို့ရဲ့အပြုအမူတွေက နူးညံ့တက်ပြီး အကို့ရဲ့စကားတစ်လုံးချင်းစီတိုင်းကတော့ ခပ်သေးသေးဓားရာတစ်ခုလိုပဲ...
ဖြေးဖြေးချင်းမသိသာပေမဲ့ အချက်ရေများတော့ အပေါက်တွေများလာပြီး ဖာထေးရာတွေဗရပွနဲ့ရယ်...
သူ့မှာ ချစ်မိခဲ့လို့သာဆက်ချစ်နေမိတာ... အားအင်ကုန်လုနီးနီး...

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now