ep. 20

670 88 7
                                    

Unicode;

မထားခဲ့ပါနဲ့ဆိုတဲ့စကားကို ပြောမထွက်ခဲ့သလို မပြောင်းလဲပါနဲ့ဆိုတဲ့ ကတိကိုလည်း ဝမ်ရိပေါ်တောင်းခံဖို့ မကြိုးပမ်းခဲ့ပါ...
စကတည်းက ချည်နှောင်ဖို့မရည်ရွယ်ခဲ့တဲ့ သံယောဇဥ်တွေမို့ သဘောကျနေရရုံကပဲ အကောင်းဆုံးဖြစ်နေခဲ့တဲ့ ဒီဆက်ဆံရေးကို ဒီအတိုင်းလှလှပပလေးပဲ ထုတ်ပိုးထားချင်တယ်...
သဘောကျခြင်းတွေက ရိုးရှင်းပါတယ်....

ငေးမောခြင်းတွေက ပိုင်ဆိုင်လိုစိတ်မဟုတ်ခဲ့...
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို ထိတွေချင်မိရုံမှတစ်ပါး ရယူပိုင်ဆိုလိုစိတ်နဲ့ တပ်မက်ခြင်းမရှိခဲ့ဖူးပါ...

သူ့ရဲ့သဘောကျခြင်းတွေမှာ ပျံ့ကျဲသွားတဲ့ စာရွက်တွေကြားထဲက အပြုံးလေးကစလို့ ချောကလက်ဝေဖာကလေးတွေ... ဆောင်းဦးက သစ်ရွက်အပိုင်းအစတွေ... ဒေါသထွက်တဲ့အခါတွန့်ချိုးတက်တဲ့မျက်ခုံးတွေ... သူ့ကိုဆူဟောက်တက်တဲ့ အသံချိုချိုတွေ ပါဝင်တယ်....
အခုတော့ လွမ်းဆွတ်ခြင်းတွေ ထည့်ပေါင်းရတော့မယ်...

"ကိုယ်မင်းကိုပေးစရာတစ်ခုရှိတယ်..."

အချိန်ကာလများစွာသိမ်းထားခဲ့တဲ့ ဆွဲကြိုးလေးကို လည်တိုင်ထက်ဆင်မြန်းပေးတော့ ဝမ်ရိပေါ်က ငြိမ်သက်လို့ လက်ခံယူပါတယ်...

"ဒါ လောကမှာတစ်ခုပဲရှိတဲ့ ကိုယ့် ပါးပါးပေးခဲ့တဲ့ပစ္စည်း... "

အရိုးပုံစံ ဒီဆွဲကြိုးလေးကို ထိတွေ့ကြည့်မိရင်း မျက်လုံးကလေးဝိုင်းလို့မော့ကြည့်လာတဲ့ ကောင်ကလေးက အံ့သြဖွယ်​ရာများများမကြုံတွေ့ဖူးသေးတဲ့ အ​ဖြူထည်လေးဆိုတာ တွေးကြည့်စရာတောင်မလိုဘူးရယ်...

"အကို့ပါးပါးပစ္စည်းကို ဘာလို့ကျွန်တော့ဆီ.."

"ကိုယ်အဝေးမှာရှိနေတုန်း မင်းဆီမှာထားချင်တယ်.... မင်းက ဂရုစိုက်ပေးပြီး သေချာသိမ်းထားပေးပါလား..."

အကို့ပါးပါးပေးခဲ့တာဆိုတော့ အကို့အတွက်အရမ်းတန်ဖိုးရှိတဲ့ပစ္စည်းဖြစ်မှာ...

"ကျွန်တော် သေချာဂရုစိုက်ပါ့မယ်..."

"ကိုယ့်အစား  မင်းကိုအဖော်ပြုပေးနိုင်ရင်ကောင်းမှာပဲ...."

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now