ep. 26

769 73 2
                                    

Unicode;

ဒီမနက်မှာ မိုးတွေကတစ်စိမ့်စိမ့်...
၁၃လွာတိုက်ခန်းရဲ့ ပြတင်းကနေမြင်နေရတဲ့ရှုခင်းက စိုစွတ်လို့ အေးစက်နေတာပဲ...
သူ့ရဲ့ ဖြူဖျော့ဖျော့အသားအရေပေါ်မှာ လည်ဟိုက်ဟိုက်ဆွယ်တာနဲ့အတူ အရိုးဆွဲကြိုးလေးက တလက်လက်နေရာယူလို့...
မီးဖိုခန်းဘက်မှာတစာစာအော်နေတဲ့ ကျင်းကော်ရဲ့အသံကိုလျစ်လျူရှုလို့ အပြင်ဘက်ကိုပဲ ဆက်ငေးနေမိတယ်...
မိုးရေအောက်မှာ လှုပ်ရှားနေတဲ့ ရောင်စုံသောထီးတွေ လူရဲ့ပုံရိပ်က သူ့မြင်ကွင်းမှာ သေးငယ်စွာ တည်ရှိနေကြရဲ့ ...
ဝရန်တာမှာစီတန်းစိုက်ပျိုးထားတဲ့ အပင်တွေကိုတော့ဖြင့် ဒီနေ့ရေဖြန်းစရာမလိုလောက်ဘူးထင်ပါတယ်...

"အေးတာကို ပြတင်းကြီးဖွင့်ပြီး ​နေနေပြန်ပြီ.."

အနားရောက်လာတဲ့လူက လေအေးတွေတိုးဝင်နေတဲ့ မှန်ပြတင်းပေါက်ကိုဆွဲပိတ်လိုက်တယ်...
အပြင်ဘက်ကမြင်ကွင်းဟာလည်းရေငွေ့တွေနဲ့ မှုန်ဝါးသွားရဲ့...

"ဘယ်အချိန်ကတည်းက ဒီလို​နေနေတာလဲ... ကိုယ့်ကိုလည်း မနိုးလိုက်ဘူး..."

သူပြုံးလို့ ရှေ့ကလူရဲ့ လုံးကျေနေတဲ့ အနက်အဖြူစင်းညဝတ်အကျီကော်လာကို ပြင်ပေးလိုက်တယ်....

"အကို ညက အိပ်ရာဝင်တာ အရမ်းနောက်ကျတယ်လေ... အိပ်ရေးဝဝအိပ်ရအောင်လို့ပါ.."

အကိုက သူ့ရဲ့ဆံသားတွေကို အသာယာအယာပွတ်သပ်တယ်..

"ကိုယ် မနက်စာချက်ပေးမယ်..."

မီးဖိုခန်းဘက် အကိုလှည့်ဝင်သွားတော့ ပိုပြီးအသံကျယ်လာတဲ့ကျင်းကော်က အစာချမကျွေးတဲ့ သူ့ကို အကို့ဆီတိုင်တန်းနေပုံပါပဲ...
မီးဖိုခန်းဆီသူလိုက်ဝင်သွားပေမဲ့ သူ့ကိုမရေးမစိုက်တော့ပဲ အကို့ခြေဖျားဆီမှာသာတွယ်ကပ်လို့နေရဲ့....

"သမီးက မစောင့်နိုင်တော့ဘူးလား... ပါးပါးလက်ဆေးပါရစေဦး...ခဏစောင့်.."

အကိုက ဒီလိုပြောလိုက်တော့လည်း အစာခွက်နားအဆင်သင့်သွားထိုင်စောင့်နေတာများငြိမ်လို့...

"အလည်ကလေး.."

နှစ်ယောက်သားလေပေးဖြောင့်နေချက်...

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now