ep. 21

658 90 4
                                    

Unicode;

"ဟလို..."

ဒီအသံလေး.... တကယ့်ကို လွမ်းနေခဲ့ရတဲ့ အသံချိုချိုလေး...
အခုမှ ပန်းတိုင်ရှာတွေ့သွားသလိုတည်ငြိမ်သွားတဲ့ နှလုံးခုန်သံလေးက အကို့ရဲ့ဒီလိုတည်ရှိမှုလေးကြောင့်...

"အကို..."

"....."

"ကျွန်တော်လေ...ရိပေါ်"

တစ်ဖက်ကတိတ်ဆိတ်သွားပြီးနောက် အသက်ရှုသံခပ်ပြင်းပြင်းနဲ့ ရှိုက်သံတစ်ချက်ကို ကြားလိုက်ရတယ်...

"ရိပေါ်"

"အကိုနေရောကောင်းရဲ့လား"

"ကိုယ်နေကောင်းပါတယ်.... မင်းရော... "

ထင်ထားတာထက်တည်ငြိမ်နေတဲ့အကို့အသံလေးက အေးချမ်းနေပေမဲ့ သူ့ကိုသတိရောရရဲ့လားဆိုတဲ့ အတွေးလေးဝင်မိတယ်။

"ကျွန်တော် ဝင်ခွင့်အောင်သွားပြီ..."

"ကိုယ်ပြောသားပဲ... မင်းလုပ်နိုင်ပါတယ်လို့... "

"ကျွန်တော်လန့်နေခဲ့တာ..."

"မင်းကိုယ်မင်းယုံကြည်ရမှာပေါ့..."

အကြာကြီးနေမှဖုန်းပြောဖြစ်တာကို ဒီလိုပဲပြောနေတော့မှာလား...

"ဘာလို့ဖုန်းမခေါ်တာလဲ..."

"ကိုယ်..."

"ကျွန်တော့်ကို သတိရောရရဲ့လား... ကျွန်တော်နဲ့ ဖုန်းမပြောချင်လို့လား.."

လိုင်းပေါ်မှာ ဘာလုပ်လုပ် အရာရာစာပို့ပြီးပြောကြပေမဲ့ ဖုန်းဆက်တာနဲ့တော့မတူဘူး...
သူ့ကိုတကယ်ရောလွမ်းနေရဲ့လားဆိုတာ အတည်ပြုလို့မရဘူး...

"ကိုယ်မင်းကို အရမ်းလွမ်းတာပေါ့... မင်းအသံကြားရင်း  ကိုယ်မခံစားနိုင်လောက်ဘူး... ချက်ချင်းပြေးလာမိမလားမသိလို့..."

"အခုရော... ကျွန်တော့အသံကြားရတာ ဘယ်လိုနေလဲ..."

"ကိုယ်သိပ်ပျော်တာပဲ..."

"အကိုက အရူးပဲ... အရူးကြီး..."

တစ်ဖက်က ရယ်သံလေးပျံ့လွင့်လာ​တယ်...

"ဟုတ်ပါတယ်... ကိုယ်သိပ်ရူးတယ်... ကိုယ်မင်းကိုတောင်းပန်ပါတယ်နော်..."

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now