ep. 10

624 74 2
                                    

Unicode ;

board ပေါ်မှာ တစ်ထောက်ထောက်နဲ့ စာရေးနေတဲ့အကို့ရဲ့လက်တွေက မြေဖြူမှုန့်တွေနဲ့ပေကျံနေပြီ...
ရင်းနှီးပြီးသား အကို့ရဲ့လေယူလေသိမ်းနဲ့နည်းစနစ်တွေက သူ့ကို လိုက်နားထောင်စေဖို့ အသားကျပြီးသား...

"ဟေး... ဝမ်ရိပေါ်... ဒီအတန်း​ပြီးရင် အင်တာနက်ဆိုင်သွားကြမလို့ မင်းလိုက်မလား..."

ထပ်ပြီး ရှောင်ဟွေ့ပဲ..

သူမျက်နှာတင်းတင်းနဲ့ လှည့်ကြည့်လိုက်တယ်။

"ဆရာစာသင်နေတယ်လေ..."

"ဘာဖြစ်လဲ တကယ့်ဆရာလည်းမဟုတ်ပဲနဲ့ သူကဘာလုပ်နိုင်မှာမို့လဲ.."

သူမျက်ခုံးတွေတွန့်ချိုးသွားတယ်...

"မင်းစကားပြောဆင်ခြင်... သူက တကယ့်ဆရာမဟုတ်လည်း ဆရာလုပ်ပိုင်ခွင့်အပြည့်ရှိတယ်.. ​ပြီးတော့..."

"ပြီးတော့ဘာဖြစ်လဲ.."

ရှောင်းကျန့်က မလေးမစားခံယူသင့်တဲ့သူမဟုတ်ဘူး...

"သူအရည်အချင်းနဲ့သူ ရောက်လာတာပဲ.. မလေးမစားမလုပ်နဲ့.."

"ငါတို့မကြိုက်ဘူး မကောင်းဘူးလို့ ကျောင်းအုပ်ကိုစုပြောလိုက်ရင် ဘာတက်နိုင်မှာလဲ.. တကယ်လည်း သူ့မှာ လက်မှတ်ရှိလို့လား... ဘာအရည်အချင်းလဲ.. ဆရာနားကပ်ပြီး မျက်နှာသာရနေတာကိုများ... ကျောင်းလာပြီး ကျောင်းသူတွေရှေ့ ဟန်လုပ်နေသေး.."

သူ့လက်သီးတွေတင်းကျပ်သွားတယ်။

"ချန်ရှောင်ဟွေ့... မင်းဘာစကားပြောတာလဲ.."

"လေသံက ဘာဖြစ်နေတာလဲ... စိတ်တိုနေတာလား... ဒီဆရာနဲ့မင်း ဘာများပတ်သတ်လို့လဲ.."

ဘာပတ်သတ်လို့လဲ...
စာရေးနေတဲ့အကို့ဆီ အကြည့်ရောက်သွားတယ်...
အေးချမ်းလွန်းတဲ့လူ...

တင်းကျပ်နေတဲ့ လက်သီးတွေပြေလျော့သွားတယ်...
သူ့ကြောင့် အကို့ကို သိက္ခာမကျစေချင်ပါ...

"ဘာမှ မပတ်သတ်ဘူး.."

"အဲ့တာကို ထူးထူးဆန်းဆန်း ဘာဖြစ်နေတာလဲ...
ဒီလောက်ငယ်တဲ့သူကို ဆရာလို ဘယ်လိုမြင်ရမှာလဲ... ငါကတော့ ခံစားလို့ကိုမရဘူး... ဘယ်သူမှလည်း စိတ်တိုင်းကျတာမဟုတ်ဘူး "

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now