ep . 17

742 84 5
                                    

Unicode;

"တကယ်ပဲ... ရူးသွားပြီထင်တယ်"

သူ့ဘေးက စောင်ထဲလုံးလုံးလေးအိပ်ပျော်နေတဲ့ကောင်လေးကို ထိုင်ကြည့်နေမိတယ်။
ခေါင်းထဲမှာလဲ ဗလာကျင်းလို့ ဘာဆက်လုပ်ရမယ်မှန်းမသိတော့အောင်ပဲ..

ဝမ်ရိပေါ်နုတ်ခမ်းက အနည်းငယ် ဖုဖောင်းပြီးထောင့်နားမှာပေါက်ရာသေးသေးလေးတစ်ခုရှိနေတယ်။
သူ အရက်ရှိန်နဲ့ သတိလက်လွတ်ပြီး ဘယ်လောက်ကြာအောင် နမ်းခဲ့မိမှန်းမသိတော့...
ရိပေါ် ရဲ့ နာကျင်သံကြားရပြီး ရုန်းလာတော့မှ လွှတ်ခဲ့မိတယ်ထင်တာပဲ...
အဲ့ဒီနောက် ဒီကောင်လေးကို ချော့ပြီးသိပ်ခဲ့သလား...
သူနိုးလာတဲ့အချိန်မှာ ရိပေါ်က တကယ့်ကို သူနဲ့နီးနီးကပ်ကပ်လေးရှိနေခဲ့တာ...

သူ့ဆံပင်တွေကို ခပ်ကြမ်းကြမ်း ထိုးဖွမိတော့တယ်...
ရှောင်းကျန့်ရာ... ရှောင်းကျန့်ရ...
အခုမှ ဆယ်ရှစ်နှစ်ပြည့်မဲ့ကလေးတစ်ယောက်ကို ဘာလုပ်လိုက်တာလဲ...
အသက်တောင် မပြည့်သေးတဲ့ကောင်လေးကိုလေ..
ဘယ်လိုစိတ်တွေအထိဖြစ်ခဲ့တာလဲ..
ဒီလိုဖြူဖြူစင်စင်လေးက သူ့ကိုသဘောကျပါတယ်ဆိုပြီး ခဏခဏပြောပေမဲ့ အချစ်ဆိုတဲ့အရာကို သေချာရောပိုင်းခြားတက်ရဲ့လား...

စဥ်းစားစမ်းပါ.. တွေးခေါ်စမ်းပါ..
မင်းရဲ့ဘဝလည်းရှိသေးတယ်လေ...
အမူးသမားရှောင်းကျန့်က ရူးနေရုံမက အသက်ပါမရှင်ချင်တော့တဲ့ပုံပဲ...

သက်ပြင်းချလို့ ခေါင်းဆေးဖို့ရာ အခန်းအပြင်ထထွက်လာလိုက်တော့ ဧည့်ခန်းမမှာ အတော်လေးရှုပ်ပွလို့နေတာကိုတွေ့လိုက်ရတယ်။
ချာချာလည်နေဆဲခေါင်းတွေဟာ ပိုတောင်နှောက်ကျိသွားတော့တာပဲ...
ဒီအ​ခြေအနေကို ဆရာသာမြင်ရင်တော့ဖြင့်...

ဘီယာဘူးတွေ.. ပုလင်းတွေ.. မုန့်ထုတ်တွေရဲ့စား​ကြွင်း​စားကျန်အမှိုက်တွေက ပျံ့ကျဲနေကာ ကျောင်းသားတစ်ချို့ကလည်း အခန်းအပြင်ဘက်မှာပဲ အိပ်ပျော်နေကြတယ်။
ညက သူမူးသွားတာအပြင် ဝမ်ရိပေါ်နဲ့အတူရှိနေခဲ့တာမို့ အပြင်ဘက်ကအခြေအနေဟာခေါင်းထဲလုံးဝရှိမနေခဲ့...
မူးသာမူးနေကြတာ စောင်တွေတော့ခြုံထားကြသေးလို့တော်သေးတယ်။

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now