ep. 16

762 93 5
                                    

နွေးထွေးတဲ့ အရိပ်အမြုံတစ်ခု...
နူးညံ့အိစက်တဲ့အထိအတွေ့...
မျက်လုံးပွင့်လာပြီး တစ်ချက်နှစ်ချက်ပုတ်ခတ်လိုက်တဲ့မျက်ခွံတွေဟာလေးလံနေတုန်းပဲ...
သူ ဘယ်လောက်တောင်အိပ်ပျော်သွားတာလဲ...
ထထိုင်လိုက်ပြီး ကုတင်အောက်ဆီ ခြေချလိုက်တာနဲ့ သူ့ရဲ့အစိမ်းခပ်ဖျော့ဖျော့ အမွေးစွပ်ဖိနပ်ကလေးက သူခြေချရာမှာ နေရာတကျရှိနေတယ်။

တိတ်ဆိတ်နေတာပဲ....
ကုတင်ဘေးကစားပွဲတင်နာရီမှာ ညကိုးနာရီကို ညွှန်ပြနေတယ်။
အချိန်ကျတာနဲ့အလိုအလျောက်နိုးလာတဲ့မျက်လုံးတွေပဲ...
မက်လက်စအိပ်မက်ဟာ တစ်ပိုင်းတစ်စဖြစ်သွားရပြီ...

အခန်းတံခါးပွင့်လာတယ်။
လင်ဗန်းငယ်တစ်ခုကိုင်လို့ အထဲဝင်လာတဲ့ အကို့ရဲ့ပုံရိပ်ဟာ သူမြင်နေကျမြင်ကွင်းတစ်ခု...

"နိုးနေပြီလား.."

"အင်း.."

အနားရောက်လာတဲ့အကိုက လင်ဗန်းကို စားပွဲပေါ်တင်လိုက်ပြီး သူ့နဖူးကို စမ်းတယ်။

"နေသာရဲ့လား.."

ထိုင်လျက်သားနဲ့အကို့ကိုမော့ကြည့်မိတော့ အကိုက သူ့ဆံပင်တွေကိုခပ်ဖွဖွ ထိုးဖွတယ်။

"ကျွန်တော် အိပ်မက်အရှည်ကြီးမက်တယ်"

အကိုက ပြုံးလိုက်ရင်း...

"ဘာတွေများမက်တာလဲ.."

သူတစ်ချက်စဉ်းစားတယ်။
အိပ်မက်က ရှည်လွန်းလို့ဘယ်ကစပြောရမလဲ...

"အိပ်မက်ထဲမှာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကိုပြန်ရောက်သွားတယ်... ကျွန်တော်က အထက်တန်းကျောင်းသားဖြစ်ပြီး အကိုက ကျောင်းကိုအချိန်ပိုင်းစာလာသင်ပေးခဲ့တာလေ.."

"အဝေးကြီးရောက်သွားခဲ့တာပဲ.."

သူ့မျက်နှာကို အကိုဝမ်းဗိုက်ဆီထိကပ်လိုက်ရင်း လက်တွေက အကို့ခါးတွေကို တွယ်ဖက်လိုက်တယ်။
အကို့ဆီက ရယ်သံခပ်တိုးတိုးထွက်ပေါ်လာရဲ့...

"ဘာဖြစ်လို့လဲ.."

"အဲ့ဒီတုန်းက အကိုက ကျွန်တော့ကို ဒီလိုအကြာကြီး ဖက်ထားခဲ့တာလေ..."

"အင်း... ဘယ်တုန်းကလဲ.."

ဘာရယ်...
သူဆတ်ကနဲခေါင်းမော့လိုက်ပြီး

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now