Description

56.3K 2.5K 61
                                    

Unicode

ထန်းဇီယု ပြန်လာမွေးဖွားခဲ့၏။ အရင်ဘဝတုန်းကသူနဲ့ စေ့စပ်ထားတဲ့ကုကျိုစစ်ကို အရာအားလုံးပေးခဲ့ပေမယ့် တစ်ဖက်သားရဲ့အချစ်ကိုတော့
ပြန်မရခဲ့ပေ။ ဒီဘဝမှာတော့ ထန်းဇီယု စွန့်
လွှတ်ဖို့ ဆုံးဖြတ်လိုက်လေသည်။ သူ့လက်ထဲ
ကလက်စွပ်ကို ချွတ်လိုက်ပြီး ကုကျိုစစ်ရဲ့ အိမ်ကနေ ထွက်သွားကာ အနုပညာလောကကိုပြန်လာပြီး လက်ထပ်စာချုပ်ကို ဖျက်သိမ်းဖို့ တောင်းဆို
လိုက်တော့သည်ဃ

ကုကျိုစစ်သည် ချမ်းသာသောမိသားစုတွင် မွေးဖွားခဲ့ပြီး ချောမောကာ မရေတွက်နိုင်သော ပိုးပန်းသူများ များစွာရှိသော်လည်း ထန်းဇီယုနှင့် စေ့စပ်ထားလေသည်။

သူငယ်ချင်းတစ်ယောက်က သူ့ကို " စေ့စပ်ထားရတာ ဘယ်လိုခံစားရလဲ" လို့မေးတော့

ကုကျိုစစ်ရဲ့ ပါးလွှာသော နှုတ်ခမ်းများက ဖြည်းညှင်းစွာ ပွင့်လာ၏။ " စိတ်တိုဖို့ ကောင်းတယ်"

ထန်းဇီယုက လက်ထပ်စာချုပ်ကို ဖျက်သိမ်းလိုက်တော့ သူ့သူငယ်ချင်းက သူ့ အတွက် ဂုဏ်ပြုသည့်အနေနဲ့ ဖန်ခွက်ကို မြှောင်ပေးလာသည်။ အခုမင်းစိတ်တို စရာမလိုတော့ဘူး"

ကုကျိုစစ်ရဲ့ မျက်နှာမှာ သံလို လေးလံနေပြီး စိတ်တိုနေရုံသာမက ပျာယာခတ်နေလေသည်။

ကုကျိုစစ်- "ငါတို့ငယ်ငယ်ကတည်းကစေ့စပ်ထား
တာ"
ထန်းဇီယု- "မင်းပဲ ခေတ်မမှီတဲ့ ထုံးတမ်းအစဉ်အ
လာတွေဆို၊ မင်းပြောတာ ငါမှတ်မိတယ်"
ကုကျိုစစ်- " ငါကမင်းနဲ့ စေ့စပ်ထားတဲ့သူ"
ထန်းဇီယု- " စေ့စပ်ထားတဲ့သူဆိုတာ ခင်ပွန်းမဟုတ်ဘူးလို့ မင်းပြောတာ၊ ငါမှတ်မိတယ်"
ကုကျိုစစ်- " လက်ထပ်စာချုပ်ကို ဖျက်သိမ်းဖို့ ငါသဘောမတူဘူး။ "
ထန်းဇီယု- " လက်ထပ်စာချုပ်ဆိုတာ ဒီတိုင်း
စာချုပ်တစ်ခုပဲ ငါမကြိုက်ဘူးလို့၊ မင်းပြောတာ
ငါမှတ်မိတယ်"
ကုကျိုစစ်- ငါ့ကိုယ်ငါသေအောင် ဘယ်လိုရိုက်
သတ်ရမလဲ??

ကုကျိုစစ်သည် ထန်းဇီယုက သူ့ကိုတကယ်ဂရုမ
စိုက်တော့ကြောင်း သိလာလေသည်။ သူ့ကိုဂရုမစိုက်ရုံတင်မက၊ အနုပညာလောကမှာတောင်လူ
ကြိုက်များပြီးပိုနာမည်ကြီးလာတော့သည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now