17( Unicode)

11.3K 1.7K 12
                                    

ကော်ကျင်းသည် မှန်ကို လွှင့်ပစ်လိုက်ပြီးသည်နှင့် ပစ်မှတ် ထိမှန်သွားလားဆိုတာ ကိုတောင် မကြည့်မတော့ဘဲ လှည့်ပြီး ပြေးထွက်လာခဲ့သည်။

သူမဘေးတွင်ရပ်နေသော ရှောင်ကျန်းသည် ခဏတာထိတ်လန့်သွားပြီး ပထမဆုံးတုံ့ပြန်ကာ သူမနောက်ကို ပြေးလိုက်သွားခဲ့သည်။

"နင်ဘာလုပ်တာလဲ?" ရှောင်ကျန်းက ကော်ကျင်းကို ဖမ်းကိုင်လိုက်သည်။ " နင်ဘာကို ပစ်လိုက်တာလဲ?တစ်ခုခုမှားသွားပြီး ငါတို့ရိုက်ထားတာတွေဖျက်ရရင် နင်ပြန်လျော်ပေးမှာလား?"

ကော်ကျင်း သူ့ထံမှ ရုန်းရန် ကြိုးစားသော်လည်း မကြာမီ အခြားလူများပါ ဝိုင်းအုံလာကြလေသည်။ ရိုက်ကူးရေးအဖွဲ့ကလူများလည်း အမြန်ပြေးလာကြသည်။

ရှောင်ကျန်းတို့က ဒါကိုမြင်တော့ရှင်းပြလာကြလေသည်။ "ငါတို့က ဒီတိုင်းဓာတ်ပုံရိုက်ဖို့လာတာ။ သူ့ကိုငါတို့မသိဘူး။ ငါတို့နဲ့မဆိုင်ဘူး။"

ပြောပြီးတာနဲ့ ချက်ချင်းလှည့်ထွက်ပြေးသွားကြသည်။

ကော်ကျင်းလည်း ထွက်ပြေးဖို့ကြိုးစားပေမယ့် ဝန်ထမ်းတွေက သူ့ကို ထန်းဇီယု ရှေ့သို့ဆွဲခေါ်သွားခဲ့ကြသည်။

သူမ မလွတ်မြောက်နိုင်ဘူးဆိုတာ သိနေတော့ ကော်ကျင်းလည်း ကြောက်မနေတော့။ သူမကို ထန်းဇီယု ရှေ့သို့ခေါ်လာသောအခါ သူမကပေါက် ကွဲပြီး သူ့အပေါ်သို့ လဲကျဟန်ဆောင်ကာတိုက်ခိုက်သည်။

ထန်းဇီယု နောက်ကိုနည်းနည်းပြန်ဆုတ်လိုက်သည်။ဝန်ထမ်းက ဒေါသတကြီးနဲ့အော်လိုက်၏။ "ရိုးသားစမ်း"

ထို့နောက် သူမလက်ထဲမှ အားများကလည်းတိုးလာသည်။

ထန်းဇီယု သူမရဲ့ မျက်လုံးများထဲမှ ရွံရှာသည့်အကြည့်များကို ကြည့်နေလိုက်သည် ။ ပြောစရာတောင်မလိုဘူး သူ့ဘလက်ဖန်ပဲနေမှာ။

သူကလိုရင်းတိုရှင်းသာပြောလိုက်သည်။ "ရဲခေါ်လိုက်ကြတာပေါ့။ ထိခိုက်ဒဏ်ရာရအောင်လုပ်ကြံမှု၊ ဖမ်းခံရမှာမဟုတ်ရင်တောင်မှ မင်းလျော်ကြေးတော့ပေးရမှာဘဲ။"

"နင်လုပ်ရဲတယ်ပေါ့။" ကော်ကျင်းကပြောလေသည်။ "နင်က နင်က တိုင်းသိပြည်သိ သရုပ်ဆောင်ဘဲ၊ ရဲကို ခေါ်ရဲလို့လား?"

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now