2.2

16.2K 2.3K 69
                                    

Unicode

ပို့စ်ကအရမ်းနာမည်ကြီးလာပြီး ဖိုရမ်ရှိ မားကတ်
တင်းအကောင့်တွေက ထန်းဇီယုအလွန်နာမည်ကြီးနေတာမြင်သောအခါ Weiboဆီ ချက်ချင်းပြောင်းလာကြပြီး "ထန်းဇီယုပြန်လာမယ်လို့ သံသယရှိလား?" လို့ သွားတင်ကြတော့သည်။

ထန်းဇီယု ပရိတ်သတ်တွေဟာ အင်တာနက်ပေါ်မှာ ပြန့်ကျဲနေပြီး Weibo မှာ သူတို့ရဲကောကောကို ပြန်ချစ်ဖို့ ငိုကြွေးနေတဲ့ မက်ဆေ့ချ်တွေကို ချန်ထားလာကြတော့သည်။

အခြား မားကတ်တင်း အကောင့်များကလည်း ချက်ချင်း စတင်ဝင်ရေးလာကြပြီး အချိန် အတော်ကြာထိ ထန်းဇီယုရဲ့Weibo မှာ "ပြန်လာပါ" ဆိုသော စကားလုံးနှင့် ပြည့်နေတော့သည်။

ခဏအကြာတွင်၊ #ထန်းဇီယုပြန်လာခြင်းက hot search မှာ ဝင်သွားတော့သည်။

ထို့နောက် ချက်ချင်းပင် တစ်စုံတစ်ယောက်က ဖိုရမ်ဆီ ပြောင်းလာပြန်သည်။

ဖိုရမ်အသုံးပြုသူများ-...ဒါက ပြည်တွင်းဈေးကွက် မှာ ဒဏ္ဍာရီဆန်ဆန် ပြောင်းလဲလာတဲ့ လမ်းကြောင်းလား?ကြောက်လိုက်တာ။ကြောက်လိုက်တာ!

လျိုရှု hot search ကိုမြင်သောအခါ အနည်း
ငယ် စိတ်ရှုပ်ထွေးနေသေးသော်လည်း  နှိပ်လိုက်တာနဲ့ သူမ နည်းနည်းတော့ အံဩသွားသည်။

ဒါပေမယ့် အင်တာနက်သုံးစွဲသူတွေရဲ့
မှတ်ချက်တွေကို ဖတ်ပြီးချိန်မှာတော့ တုန်လှုပ်သွားရပြန်သည်။

နှစ်ပေါင်းများစွာကြာအောင် သူမသာမက အင်တာနက်ပေါ်ရှိ အင်တာနက်အသုံးပြုသူများကိုလည်း ထန်းဇီယုကို မမေ့ခဲ့ကြပါ။

ဖျော်ဖြေရေးနယ်ပယ်မှာ အမှတ်တရတွေရှိတယ်။  အံ့သြစရာကောင်းတဲ့လူတိုင်းကို အမှတ်ရစေပြီး သူပြန်လာတာကို ကြိုဆိုနေကြမှာပါ။

လျိုရှု က ပြုံးလိုက်မိတယ်။ "ပြန်လာခဲ့ပါ ရှောင်ယု"

* * *

ထန်းဇီယု တစ်ညလုံးအိပ်ပြီး နောက်တစ်နေ့
မနက်တွင် ကုမ္ပဏီသို့သွားလိုက်သည်။

သူ ကုမ္ပဏီကို မရောက်တာ ကြာပြီမို့ ဝန်ထမ်း
အသစ်က သူ့ကို မမှတ်မိတော့ပေ။  သူ့ကို ဝင်မသွားဖို့ တားထားပေမယ့် ဝမ်ကျန်းက အောက်
ထပ်ကို ဆင်းလာကာ သူ့ကို လာခေါ်သည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now