Extra 1 : Past Life

12.1K 1.4K 65
                                    


Unicode

ကုကျိုစစ်သည် ထန်းဇီယုရဲ့ မတော်တဆမှုသတင်း ကို လက်ခံရရှိချိန်တွင် သူက အဖွဲ့သားများနှင့် ငြင်းခုံလို့မပြီးသေးပေ။

ရုတ်တရတ် အခန်းပိုတစ်ခုကို ထည့်ရတာကို ကြိုက်တဲ့သူတွေ အမြဲရှိနေတာ ဘာကြောင့်လဲဆိုတာ သူတကယ် နားမလည်နိုင်တော့ပါ ။ စာချုပ်ချုပ်တုန်းကလည်း ဇာတ်ညွှန်းကိုဖတ်ပြီးသွားပြီ။ သူမက အမျိုးသမီးဇာတ်ဆောင်ဖြစ်သော်လည်း ဇာတ်လမ်းအသွားအလာသည် သူမအကြောင်းမဟုတ်ကြောင်း သူမသိသည်။ ဇာတ်ကောင်ရဲ့ အတိမ်အနက်ကို တိုးချဲ့ထားသရွေ့ သူမဇာတ်ကောင်လည်း ဆုရနိုင်တယ်လို့ ပြောနေတာကတော့ ရူးနေတာမဟုတ်ဘူးလား?

ကုကျိုစစ် ခေါင်းကိုက်လို့ ဒေါသထွက်လာကာ သူ့ရှေ့မှာ ငိုနေတဲ့ အမျိုးသမီးကို နောက်ဆုံးအကြိမ် ပြောလိုက်၏ "တကယ်လို့ မင်းဆုရချင်တယ်ဆိုရင် အခုကစပြီး မင်းရဲ့ အေးဂျင့်က နောက်ထပ် ဇာတ်ညွှန်းကို ရှာဖို့ အကြံပေးပါရစေ။ ငါ့ရှေ့မှာ ပြဿနာရှာတာထက် မင်းရဲ့ဇာတ်ကောင်ကို နက်နက်နဲနဲထည့်ပြီးသရုပ်ဆောင်ပါ။ ဒီဇာတ်ကားရဲ့ အမျိုးသမီးဇာတ်ဆောင်က ရိုးရိုး အမျိုးသမီးဇာတ်ဆောင်ပဲ၊ဇာတ်ကား ရဲ့ မျက်လုံးတွေကလည်း သူ့အပေါ်မှာ မရှိဘူး၊ ဇာတ်လမ်းရဲ့ အတိမ်အနက် ကလည်း သူမကို ရောင်ပြန်ဟပ်မနေဘူးဆိုတာ မင်းစာချုပ်ချုပ်ကတည်းက သိထားသင့်တယ်။"

သူပြောပြီးသည်နှင့် လှည့်၍ တံခါးဖွင့်ကာ ထွက်လာခဲ့သည်။

သူထွက်သွားတာကိုမြင်တော့ လက်ထောက်က သူ့နောက်ကို အမြန်လိုက်သွားတော့သည်။ ချင်းကောကတော့ ထွက်သွားဖို့ အလျင်မလိုပါ။ သူမက အေးဂျင့်ဖြစ်၏။ ကုကျိုစစ်က ထွက်သွားတယ်ပြီဆိုတော့ကျန်တာကို သူမကဂရုစိုက်ရမည်။

သူမသည် ထိုင်ခုံတွင်ထိုင်ကာ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနှင့် အမျိုးသမီးဇာတ်ဆောင်ကို ပြုံးပြလိူက်သည်။ "ကျိုစစ် ရဲ့ သဘောထားကတော့ သိသာပါတယ်။ အဖွဲ့သားတွေက ကျွန်မကို အခက် တွေ့စေမှာ မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။"

အမျိုးသမီးဇာတ်ဆောင်ကတော့ ငိုနေတုန်းပင်။ အမျိုးသမီးဇာတ်ဆောင်ရဲ့ အေးဂျင့်က သူ့ကိုကြည့်သော်လည်း ဘာမှတော့ မပြောပေ။ အခန်းက တိတ်ဆိတ်နေလေသည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now