Extra 4.2: Past Life with HE

9.7K 1.2K 15
                                    

UNICODE

သူ ကုကျိုစစ်ကို မတွေ့ချင်ပေမယ့် သူနမ်းတဲ့အခါမှာတော့ မနှစ်မြို့ဘူးလို့ မခံစားရပေ။ သူ ကုကျိုစစ်နဲ့ မနေချင်သော်လည်း ဒီမှာ တစ်လလောက်နေပြီးနောက်မှာတော့ သူ မကြိုက်ပုံမပေါ်ခဲ့ပါ။

ခုနက သူ့ကိုနမ်းတာကိုတောင် သူ မမုန်းမိဘူး။

ထန်းဇီယု အလွန်ထူးဆန်းသည်ဟု ထင်မိလေသည်။ ကုကျိုစစ်အတွက် သူ့မှာ ဘယ်လိုခံစားချက်မျိုးတွေ ရှိနေတာလဲ?

သူကုတင်ဆီသွားကာ ထိုင်လိုက်သည်။ သူနဲ့ ကုကျိုစစ်ရဲ့ ကုတင်ဘေးနားက ဓာတ်ပုံကိုသူကြည့်လိုက်တော့ ဓာတ်ပုံထဲမှာ သူက ပြုံးပျော်နေပေမယ့် ကုကျိုစစ်ကတော့ ဘာအမူအရာမှမရှိခဲ့ပါ။

ဒါဆို သူအရင်က ကုကျိုစစ်ကို တကယ်ကြိုက်ခဲ့တာလား?

ကုကျိုစစ်ကရော? သူကရော သူ့ကိုကြိုက်ခဲ့လား?

သူကုကျိုစစ်ရဲ့ တံခါးခေါက်သံကိုကြားလိုက်ရတော့ တံခါးနားသို့သွားကာ မေးလိုက်သည်။

"မင်းအရင်က ငါ့ကိုတကယ်ကြိုက်တာလား?"

"ဒါပေါ့။" ကုကျိုစစ်ပြန်ပြောလိုက်သည် "အခုထိလိမ်နေတာလို့ထင်နေတာလား?"

"ဒါဆို ငါတို့နှစ်ယောက် ဓာတ်ပုံရိုက်တုန်းက မင်းဘာလို့ မပြုံးတာလဲ?"

"ဒါက လျှပ်တစ်ပြက် ရိုက်လိုက်တာလေ။ အဲဒီတုန်းက ကိုယ် အဆင်သင့်မဖြစ်သေးတဲ့အချိန်ရိုက်လိုက်တာ။"

ကုကျိုစစ် ပြန်ပြောလိုက်သည်။

"ဒါဆို ငါတို့တခြားပုံတွေရောထပ်မရိုက်ဘူးလား?မင်းမျက်နှာအမူအရာရောအဆင်ပြေသွားလား?"

"ရှိတာပေါ့ ၊ ဒါပေမယ့် ဒါက မင်းရိုက်တာတွေထဲမှာ အကောင်းဆုံးပဲ၊ အဲ့ဒါကြောင့် ကိုယ်တို့ဒီပုံပဲသိမ်းထားခဲ့တာ။" ကုကျိုစစ်ပြောပြီးတဲ့အခါ သူ့ကိုယ်သူ ဒရာမာထပ်ထည့်ဖို့ မမေ့။ "ဒီပုံထဲမှာလည်း ကိုယ့်နှလုံးသားထဲမှာ မင်းက ကိုယ့်ထက် ပိုအရေးကြီးတယ်ဆိုတာ မြင်နိုင်တယ်လေ"

အဲ့လိုလား?

ထန်းဇီယု အလွန် သံသယဖြစ်မိသည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now